လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ

          မြေတိုင်းလုပ်ငန်းများ အစဉ်ခေတ်မီတိုးတက်နေစေရန်နှင့် ကျွမ်းကျင်မြေတိုင်းပညာရှင် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရန် အတွက် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံမြေတိုင်းကျောင်း၌ မြေတိုင်းသင်တန်းများကို ခေတ်မီနည်းပညာရပ်များပေါင်းစပ်ကာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက် ရှိပါသည်။ မြေတိုင်းသင်တန်းများသို့ မြေတိုင်းဦးစီးဌာန၏ သန္ဓေဝန်ထမ်းများသာမက ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၊ နယ်စပ်စည်ပင်၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန စသည့်မြေတိုင်းတာခြင်း ဘာသာရပ်နှင့် ဆက်နွယ်မှုရှိသောဌာနများမှ သင်တန်းသားများလည်း ဦးစီးဌာန၏ညှိနှိုင်းစီစဉ်ပေးမှုအရ တက်ရောက်ပါသည်။

မြေတိုင်းဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသောမြေတိုင်းသင်တန်းများ

          (က)  အဆင့်မြင့်မြေတိုင်းသင်တန်း                           သင်တန်းကာလ ( ၁၂ ) လ
           (ခ)  အလယ်အလတ်အဆင့်မြေတိုင်းသင်တန်း            သင်တန်းကာလ ( ၈ ) လ
           (ဂ)  အခြေခံမြေတိုင်းသင်တန်း                               သင်တန်းကာလ ( ၆ ) လ
          (ဃ)  ဌာနတွင်းမွမ်းမံသင်တန်း                                 သင်တန်းကာလ ( ၃ ) လ
           (င)  မှန်ပြောင်းသင်တန်း                                       သင်တန်းကာလ ( ၂ ) လ

           လုပ်ငန်း၊ ဌာနနှင့် အဖွဲ့အစည်းများမှ စေလွှတ်သော နိုင်ငံဝန်ထမ်း သင်တန်းသားများကို လက်ခံသင်ကြား ပေးလျက်ရှိပါသည်။

Go to top