လေ့ကျင့်သင်ကြားရေးနှင့် အမှတ်(၁) မြေတိုင်းဌာနခွဲ၊ အကြောင်းအရာ

နောက်ခံသမိုင်း လေ့ကျင့်သင်ကြားရေးနှင့် အမှတ် (၁) မြေတိုင်းဌာနခွဲအား လေ့ကျင့်သင်ကြားရေးဌာနစု၊ အမှတ်(၁)မြေတိုင်းဌာနစုဟူ သောဌာနစု(၂) ဖြင့်ဖွဲ့စည်းတည်ထောင် ထားပါသည်။
။ လေ့ကျင့်သင်ကြားရေးဌာနစု (မြန်မာနိုင်ငံမြေတိုင်းကျောင်း)၏ နောက်ခံသမိုင်း မြန်မာနိုင်ငံအား အင်္ဂလိပ်များသိမ်းပိုက်ခဲ့ပြီးနောက် ပထမကမ္ဘာစစ်ကြီးမဖြစ်မီက ကြေးတိုင်နှင့်မြေစာရင်းဌာနမှ ခရိုင် လယ်ဝန်သင်တန်းများအား အိန္ဒိယပြည် ( Dehradum ) ရှိ (Survey of India) မှ ဖွင့်လှစ်ထားသော မြေတိုင်းကျောင်း သို့ မြေတိုင်းပညာရပ်များကို သင်ကြားစေခဲ့ပါ သည်။ ပထမကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ၁၉၁၈ ခုနှစ်တွင် မြန်မာနိုင်ငံမြေတိုင်းကျောင်းကို ကြေးတိုင်နှင့်မြေစာရင်းဦးစီး ဌာနမှ ဦးစီး၍ အထူးမြေတိုင်းကျောင်း (Special Survey) အမည်ဖြင့် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်တွင် စတင်ဖွင့်လှစ်ပြီး လယ်ဝန်သင်တန်းများကို သင်ကြားပို့ချခဲ့ပါသည်။ နောင်တွင်အဆိုပါသင်တန်းကျောင်းမှ ဆင်းလာသောသူများနှင့်ဦးစီး၍ ခရိုင်တစ်ခုလျှင် မြေတိုင်းကျောင်းတစ်ကျောင်း စီဖွင့်လှစ်၍ မြေတိုင်းပညာရပ်များအား သင်ကြားပို့ချခဲ့ပါသည်။ ခရိုင်အသီးသီးရှိမြေတိုင်းကျောင်းများအား ကြေးတိုင်နှင့် မြေစာရင်းဌာန၊ လက်ထောက် ညွှန်ကြားရေးဝန် ဂျေ- စီ - ကလင်စီ မှ တိုက်ရိုက်ဦးစီးကွပ်ကဲ ခဲ့ပါသည်။ ထိုစဉ်အခါခရိုင်အသီးသီးရှိ မြေတိုင်းကျောင်းတစ်ကျောင်းလျှင် သင်တန်းသား (၃၀) ဦးလက်ခံသင်ကြားပေးရပါသည်။ ကြေးတိုင်နှင့် မြေစာရင်းဌာနတွင် လစ်လပ်သောရာထူးများ လျော့နည်းလာခဲ့သဖြင့် သတ်မှတ်ထားသော သင်တန်းသားဦးရေမပြည့်သောခရိုင်ရှိ ကျောင်း များအားဖျက်သိမ်း၍ ၁၉၂၂ ခုနှစ်ခန့်တွင် မော်လမြိုင်၊ ကျောက်ဆည်၊ ရွှေဘို၊ မင်းဘူးနှင့် ပြည်ခရိုင်(၅)ခု တွင်သာ သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပါသည်။ ၁၉၂၇ ခုနှစ်ခန့်တွင် သင်တန်းဆရာများမပြည့်စုံခြင်းကြောင့် ကျောက်ဆည်၊ မော်လမြိုင်နှင့် မင်းဘူးခရိုင်ရှိကျောင်းများ အား ဖျက်သိမ်းသဖြင့် ပြည်နှင့် ရွှေဘိုခရိုင်(၂)ခုသာ ကျန်ရှိပါတော့သည်။ ၁၉၃၄ ခုနှစ်တွင် ပြည်ခရိုင်ရှိ ကျောင်းအားထပ်မံဖျက်သိမ်း၍ ရွှေဘိုခရိုင်ကျောင်းနှင့် ပူးပေါင်းကာအထူးမြေတိုင်း (Special Survey) အမည်ဖြင့် ရွှေဘိုတပ်မြေတွင် တစ်ကျောင်း တည်း ဖွင့်လှစ်ကာ သင်တန်းသားဦးရေ(၉၈)ဦးအား လက်ခံသင်ကြားပေးခဲ့ပါသည်။ ရွှေဘိုခရိုင်ရှိ အထူးမြေတိုင်းကျောင်းကို ခရိုင်လယ်ဝန် အဆင့်ရှိသူတစ်ဦး အား ကျောင်းအုပ်ကြီးအဖြစ်ခန့်အပ်ကာ ၁၉၄၂ ခုနှစ်အထိ ဖွင့်လှစ်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်းတွင် အဆိုပါကျောင်းအား ပိတ်ထားခဲ့ရပြီး ၁၉၄၅ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ရာ ၁၉၄၇ ခုနှစ်အထိ ဖြစ်ပါ သည်။ ၁၉၂၃ ခုနှစ်တွင် တန်းမြင့်မြေတိုင်းသင်တန်း (Training Member Course) မှန်ပြောင်းသင်တန်းကို ရွှေဘို အထူးမြေတိုင်း ကျောင်းတွင် စတင်သင်ကြားပို့ချခဲ့ပါသည်။၁၉၄၈ ခုနှစ်တွင် (MR.W.E.BELL) ယခင် (Supdt; of Land Records) ခရိုင်လယ်ဝန်သည် အမှတ်(၁)မြေတိုင်းအဖွဲ့သို့ ပထမဆုံးမြေတိုင်းဝန်အဖြစ် အမှတ်(၁)မြေတိုင်းအဖွဲ့တွင် စတင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ အခြေခံမြေတိုင်းသင်တန်း ရေးဖြေစာမေးပွဲများကို မြန်မာနိုင်ငံ စာစစ်ဘုတ်အဖွဲ့က ဦးစီးကွပ်ကဲစစ် ဆေးခဲ့ပြီး နှုတ်ဖြေနှင့် လက်တွေ့ စာမေးပွဲများကို သက်ဆိုင်ရာခရိုင်လယ်ဝန်များက စစ်ဆေးခဲ့ပါသည်။ ၁၉၆၈ ခုနှစ်မှစ၍ ယနေ့ထက်တိုင် မြေတိုင်းစာမေးပွဲများကို မြေတိုင်းဦးစီးဌာန လက်အောက်ရှိ ပြင်ဦးလွင်မြို့၊ လေ့ကျင့်သင်ကြားရေးဌာနစု၊ မြေတိုင်းကျောင်းမှ တာဝန်ယူစစ်ဆေးပေးခဲ့ပြီး မြေတိုင်းပညာရှင်များ မွေးထုတ်ပေးလျက်ရှိပါ သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးစတင်ရရှိသည့် အချိန်ကာလမှစတင်၍ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ ကျောင်းအုပ်ကြီးတာဝန် များကို ထမ်းဆောင်ခဲ့ကြသည့် ကျောင်းအုပ်ကြီးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ်

အမည်

ရာထူး

တာဝန်ထမ်းဆောင်ခဲ့သည့်

ခုနှစ်

မှတ်ချက်

၁.

D.E.O THACKWEL

MAJOR.R.E

ဦးအေးသွင်

ညွှန်ကြား​​ရေးဝန်

 

မြေတိုင်းဝန်ထောက်

၁၉၄၇  မှ ၁၉၄၈ ထိ

 

၁၉၄၇  မှ ၁၉၄၈ ထိ

ရန်ကုန်

 

ပြင်ဦးလွင်

၂.

ဦးဘချစ်

Mr.W.E BELL

ညွှန်ကြား​​ရေးဝန်

မြေတိုင်းဝန်

၁၉၄၈ မှ ၁၉၄၉ ထိ

၁၉၄၈ မှ ၁၉၄၉ ထိ

ရန်ကုန်

ပြင်ဦးလွင်

၃.

Mr.W.E BELL

Mr.H.K KARN

ညွှန်ကြား​​ရေးဝန်

မြေတိုင်းဝန်

၁၉၄၉ မှ ၁၉၅၃ ထိ

၁၉၄၉ မှ ၁၉၅၀ ထိ

ရန်ကုန်

ပြင်ဦးလွင်

၄.

ဦးလှခင်​​မောင်

မြေတိုင်းဝန်

၁၉၅၀ မှ ၁၉၅၃ ထိ

ပြင်ဦးလွင်

၅.

ဦးအေးသွင်

မြေတိုင်းဝန်

၁၉၅၃ မှ ၁၉၅၆ ထိ

ပြင်ဦးလွင်

၆.

ဦးကိုကြီး

မြေတိုင်းဝန်

၁၉၅၆ မှ ၁၉၆၇ ထိ

ပြင်ဦးလွင်

၇.

ဦးသန်းညွန့်

မြေတိုင်းဝန်

၁၉၆၇ မှ ၁၉၇၃ ထိ

ပြင်ဦးလွင်

၈.

ဦးဒီအောင်ရီ

ဦးစီးဌာနမှူး

၁၉၇၃ မှ ၁၉၇၇ ထိ

ပြင်ဦးလွင်

၉.

ဦးမြသိန်း

ဦးစီးဌာနမှူး

၁၉၇၇ မှ ၁၉၈၃ ထိ

ပြင်ဦးလွင်

၁၀.

ဦးသိန်းဌေး

ဦးစီးဌာနမှူး

၁၉၈၆ မှ ၁၉၈၈ ထိ

ပြင်ဦးလွင်

၁၁.

ဦးသိန်းလွင်

ညွှန်ကြားရေးမှူး

၁၉၈၈ မှ ၁၉၉၆ ထိ

ပြင်ဦးလွင်

၁၂.

ဦးညီထူး

ညွှန်ကြားရေးမှူး

၁၉၉၆ မှ ၂၀၀၁ ထိ

ပြင်ဦးလွင်

၁၃.

ဦးစိုးသန်း

ညွှန်ကြားရေးမှူး

၂၀၀၁ မှ ၂၀၀၃ ထိ

ပြင်ဦးလွင်

၁၄.

ဦးသန်းလှိုင်

ညွှန်ကြားရေးမှူး

၂၀၀၃ မှ ၂၀၀၄ ထိ

ပြင်ဦးလွင်

၁၅.

ဦးဇော်ဝင်း

ညွှန်ကြားရေးမှူး

၂၀၀၄ မှ ၂၀၀၉ ထိ

ပြင်ဦးလွင်

၁၆.

ဦးစမ်းမောင်

ညွှန်ကြားရေးမှူး

၂၀၀၉ မှ ၂၀၁၃ ထိ

ပြင်ဦးလွင်

၁၇.

ဦးသန်းကျော်

ညွှန်ကြားရေးမှူး

၂၀၁၃ မှ ၂၀၁၆ ထိ

ပြင်ဦးလွင်

၁၈.

ဦးကျော်ဌေး

ညွှန်ကြားရေးမှူး

၂၀၁၆ မှ ယနေ့ ထိ

ပြင်ဦးလွင်

 

။ အမှတ်(၁)မြေတိုင်းဌာနစု၏ နောက်ခံသမိုင်း အမှတ် (၁) မြေတိုင်းဌာနစုအား အမှတ်(၁)မြေတိုင်းအဖွဲ့ဟူ၍ ၁၉၄၇ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှစတင်၍ ဖွင့် လှစ်ခဲ့ပါသည်။ ထိုစဉ်အချိန်က ဤအဖွဲ့သည် ယာယီမျှသာဖြစ်သည်။ ဤအဖွဲ့အား ရန်ကုန်မြို့ ညွှန်ကြားရေးဝန် (D.E.O. THACKWELL Major,R.E)က အုပ်ချုပ်ခဲ့သည်။ အဆောက်အဦများမှာ ဒုတိယကမ္ဘာစစ်မဖြစ်မီ ယခင်ကိုလိုနီခေတ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအစိုးရ အုပ်ချုပ်မှုခွဲထား သော အချိန်က ပင်တစ်ခုတည်းသော ပြင်ဦးလွင်ရှိ မြေတိုင်းဌာနမှာ အိန္ဒိယအစိုးရလက်အောက်တွင် ထားရှိသော SURVEY OF INDIA စစ်မြေတိုင်းအဖွဲ့၏ အဆောက်အဦများ ဖြစ်ပါသည်။ အထက်ဖော်ပြပါ ၁၉၄၇ခုနှစ် အောက်တိုဘာလ (၁) ရက် နေ့တွင် အဆိုပါ စစ်မြေတိုင်းအဖွဲ့ SURVEY OF INDIA မှ အရာထမ်းအမှုထမ်း များနှင့် ဒုတိယကမ္ဘာစစ်မဖြစ်မီက ကြေးတိုင်နှင့်မြေစာရင်းဌာနလက်အောက်ရှိ ရွှေဘိုမြို့ အထူးမြေတိုင်း အဖွဲ့မှ အရာထမ်း၊ အမှုထမ်းများ ပါဝင်ကာ အမှတ်(၁)မြေတိုင်းအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

ဖွဲ့စည်းပုံနှင့်ဝန်ထမ်းအင်အား

လေ့ကျင့်သင်ကြားရေးနှင့် အမှတ် (၁) မြေတိုင်းဌာနခွဲ၏ ၂ဝ၂၄ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့အထိ ဖွဲစည်းပုံနှင့် ဝန်ထမ်းအင်အားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဖွဲ့စည်းပုံဇယား

ဝန်ထမ်းအင်အား                     

  ဖွဲ့စည်းပုံအရခွင့်ပြုအင်အား ခန့်ထားအင်အား လစ်လပ်အင်အား
အရာထမ်း  ၁၄ ၁၂
အမှုထမ်း  ၂၇၇  ၈၀ ၁၉၇
စုစုပေါင်း  ၂၉၁  ၉၂ ၁၉၉

မူဝါဒ/ရည်မှန်းချက်

လေ့ကျင့်သင်ကြားရေးနှင့် အမှတ် (၁) မြေတိုင်းဌာနခွဲ၏ မူဝါဒ/ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

။ ခေတ်နှင့်အညီ ပေါ်ထွန်းလာသည့် မြေတိုင်းပညာရပ်များကို အချိန်နှင့်တစ်ပြေးညီ သင်ကြားပို့ချရန်၊
။ သင်ကြားပို့ချသည့် မြေတိုင်းပညာသည် နိုင်ငံတကာ အဆင့်အတန်းမီစေရေးကို ဦးတည်ဆောင်ရွက်ရန်၊ 
။ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်သော စီမံကိန်းမြေပုံများ တိုင်းတာရေးဆွဲပေးရန်၊

Go to top