အသုံးပြုသည့် စက်ကိရိယာများနှင့် Software များ

​ကောင်းကင်မြေတိုင်းနှင့်ဓာတ်ပုံဌာနခွဲတွင် ဒစ်ဂျစ်တယ်မြေပုံရေးဆွဲထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည် Hardware နှင့် Software များ

           ဒစ်ဂျစ်တယ် မြေပုံရေးဆွဲထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည် Hardware များမှာ-

            -          Vexcel Ultra Scan 5000 Photogrammetric Scanner
           -           Digital Photogrammetric Workstations and Server

            ဒစ်ဂျစ်တယ်မြေပုံရေးဆွဲထုတ်လုပ်ရာတွင် အသုံးပြုခဲ့သည် Software များမှာ-

            -           Digital Video Plotter (DVP)
            -           Match AT Aerial Triangulation Software
            -           Match-T Digital Terrain Model Software
            -           Summit Evolution Photogrammetric Software

          ဒစ်ဂျစ်တယ်ဓာတ်ပုံများအား Match AT Aerial Triangulation Software အားအသုံးပြု၍ ကောင်းကင်တြိဂံဖွဲ့ တိုင်းတာတွက်ချက်ခြင်း ဆောင်ရွက်ခဲ့ပါသည်။ Digital Video Plotter (DVP) Software အား အသုံးပြု၍ မြေမျက်နှာသွင်ပြင် အသေးစိတ် အချက်အလက်များရေးဆွဲခြင်း၊ Match-T Digital Terrain Model Software ဖြင့် မြေမျက်နှာသွင်ပြင်နိမ့်မြင့်ပြအမှတ်များ (DTM) အော်တိုမတ်တစ်ချမှတ်ခြင်း၊ Summit Evolution Photogrammetric Software ဖြင့် တည်းဖြတ်ခြင်း၊ ကွန်တိုလိုင်းများ ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

          ဒစ်ဂျစ်တယ်ကင်မရာဖြင့် ရိုက်ကူးထားသည့် အရည်အသွေးမြင့် ကောင်းကင်ဓာတ်ပုံ များကို စွမ်းဆောင်ရည်မြင့်မြေပုံ ရေးဆွဲထုတ်လုပ် နိုင်သည့် Summit Evolution Software နှင့် PCI Geomatica Software များကို ထပ်မံဖြည့်တင်း၍ ဆောင်ရွက်ခဲ့ပါသည်။

Go to top