တန်းမြင့်မြေတိုင်းသင်တန်း အမှတ်စဉ်(၆၃)နှင့် အခြေခံမြေတိုင်းသင်တန်း အမှတ်စဉ်(၇၄) သင်တန်းများဖွင့်လှစ်ခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံ မြေတိုင်းကျောင်း၌ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၊ တန်းမြင့်မြေတိုင်းသင်တန်းအမှတ်စဉ်(၆၃)နှင့် အခြေခံ မြေတိုင်းသင်တန်းအမှတ်စဉ်(၇၄)တို့၏ သင်တန်းဖွင့်ပွဲကို ၂၀၁၅ ခုနှစ်၊ ဇွန်လ(၄)ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ ညွှန်ကြားရေးမှူး(ကျောင်းအုပ်ကြီး) ဦးသန်းကျော်မှ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းများသို့ မြေတိုင်းဦးစီးဌာန၊ လယ်ယာ​​မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တန်းမြင့်မြေတိုင်းသင်တန်းသား (၂၀)ဦးနှင့် အခြေခံမြေတိုင်းသင်တန်းသား(၁၀၆)ဦး တက်ရောက်ကြပါသည်။ သင်တန်းကာလမှာ တန်းမြင့်မြေတိုင်းသင်တန်းအတွက် (၈)လနှင့် အခြေခံမြေတိုင်းသင်တန်းအတွက် (၆)လ ကြာမြင့်မည် ဖြစ်ပါသည်။

Go to top