ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ လေ့ကျင့်သင်ကြားရေးနှင့်အမှတ်(၁) မြေတိုင်းဌာနခွဲ၊ ပြင်ဦးလွင်မြို့ရှိ ဝန်ထမ်းများ၏ ဆဋ္ဌမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို မြန်မာနိုင်ငံမြေတိုင်းကျောင်းခန်းမတွင် (၂၉.၇.၂၀၁၅) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူး ဦးသန်းကျော် နှင့်ဇနီး ဒေါ်မော်မော်၊ ဝန်ထမ်းများ၊ သင်တန်းသားများက အောင်မြေဇေယျာဘုန်းကြီးကျောင်းမှ ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ အမှူးပြုသော သံဃာတော်(၅)ပါးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးနှင့် ဇနီး၊ ဧည့်ပရိတ်သတ်များက ဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ ထံမှ (၉)ပါးသီလ ခံယူဆောက်တည်ကြပြီး အမျှအတန်း​ပေးဝေခဲ့ကြပါသည်။

အခမ်းအနားအပြီးတွင် ညွှန်ကြားရေးမှူးနှင့်ဇနီး၊ ဧည့်ပရိတ်သတ်များက ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

Go to top