အရာရှိမြေတိုင်းသင်တန်းအမှတ်စဉ်( ၅၀ )နှင့် အခြေခံမြေတိုင်းသင်တန်းအမှတ်စဉ်( ၇၄ ) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

မြေတိုင်းဦးစီးဌာန( ပြင်ဦးလွင်မြို့ )ရှိ မြန်မာနိုင်ငံမြေတိုင်းကျောင်း၏ အရာရှိမြေတိုင်း သင်တန်းအမှတ်စဉ်( ၅၀ )နှင့် အခြေခံမြေတိုင်းသင်တန်းအမှတ်စဉ်( ၇၄ )တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တော ပညာသင်တန်းအမှတ်စဉ်( ၁၁၁ ) နှင့်ပူးတွဲ၍ ပြင်ဦးလွင်မြို့၌( ၂၃- ၁၁- ၂၀၁၅ )ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း တက်ရောက်ချီးမြှင့်ခဲ့ပါသည်။ နံနက်( ၇ : ၃၀ )နာရီအချိန်တွင် သင်တန်းသားများမှ ပြည်ထောင်စုဝန်ကြီးအား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးမှ သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ဖိတ်ကြား ထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ယခုပညာသင်နှစ်တွင် မြေတိုင်းပညာ သင်တန်းသား( ၁၁၉ )ဦးနှင့် သစ်တောပညာသင်တန်းသား(   ၉၄  )ဦး သင်တန်းဆင်းခဲ့ကြပါသည်။

Go to top