တန်းမြင့်မြေတိုင်းသင်တန်း အမှတ်စဉ်(၆၃) နှင့် မှန်ပြောင်းသင်တန်း အမှတ်စဉ်(၃၇) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံ မြေတိုင်းကျောင်း၌ ၂၀၁၅-၂၀၁၆ ခုနှစ်၊ မြေတိုင်းပညာသင်နှစ်၊ တန်းမြင့်မြေတိုင်းသင်တန်း အမှတ်စဉ်(၆၃)နှင့် မှန်ပြောင်းသင်တန်းအမှတ်စဉ်(၃၇)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့တွင် ပြင်ဦးလွင်မြို့ရှိ အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြေတိုင်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာ စကား ပြောကြားပြီး၊ တန်းမြင့်မြေတိုင်းသင်တန်းအမှတ်စဉ်(၆၃)မှ ထူးချွန်သင်တန်းသား(၃)ဦးအား ဆုများချီးမြှင့်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးနှင့် သင်တန်းအုပ်ချုပ်ရေးမှူးမှ အောင်လက်မှတ်များ ပေးအပ်ခဲ့ကြပါသည်။
တန်းမြင့်မြေတိုင်းသင်တန်း အမှတ်စဉ်(၆၃)မှ သင်တန်းသား(၂၀)ဦးနှင့် မှန်ပြောင်းသင်တန်း အမှတ်စဉ်(၃၇)မှ သင်တန်းသား(၃၄)ဦး၊ စုစုပေါင်း (၅၄)ဦး သင်တန်းဆင်းခဲ့ကြပါသည်။

Go to top