Leica GNSS Receiver နှင့် Antenna တို့အား အသုံးပြု၍ Survey Reference Station တည်ဆောက်မှုဆိုင်ရာ Presentation ပြုလုပ်ခြင်း

မြေတိုင်းဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၌ Leica Geosystems Technologies Pte. Ltd. (Singapore) မှ Leica GNSS Receiver နှင့် Antenna တို့အား အသုံးပြု၍ Survey Reference Station တည်ဆောက်ခြင်းနှင့်ပတ်သက်သည့် Presentation ကို ( ၅ - ၄ - ၂၀၁၆ ) ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်ခဲ့ပြီး၊ Leica Geosystems Technologies Pte. Ltd. မှ Segment Manager ဖြစ်သူ Mr. Neil Ashcroft မှ Survey Reference Station (Continuously Operating Reference Station - CORS) အကြောင်း နှင့် Leica Products များဖြစ်သည့် Leica GR25 GNSS Receiver ၊ Leica GR30 GNSS Receiver ၊ Leica GR50 GNSS Receiver ၊ Leica AR25 GNSS Antenna ၊ Leica AR20 GNSS Antenna  နှင့် Leica AR10 GNSS Antenna တို့အားအသုံးပြု၍ CORS တည်​ဆောက်ခြင်းများကို PowerPoint ဖြင့် ရှင်းလင်းပြသခဲ့ပါသည်။
အဆိုပါပွဲသို့ မြေတိုင်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပါသည်။

Go to top