ArcGIS Enterprise Software အကြောင်းသရုပ်ပြပွဲ ပြုလုပ်ကျင်းပခြင်း

မြေတိုင်းဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၌ ArcGIS Enterprise Software အကြောင်း နည်းပညာသရုပ်ပြပွဲကို မန္တလေးနည်းပညာကုမ္ပဏီ နှင့် ESRI Co., Ltd. (Thailand) တို့မှ (၃၀ - ၉ - ၂၀၁၆) ရက်နေ့တွင် လာရောက်ပြသခဲ့ပါသည်။
အခမ်းအနားသို့ မြေတိုင်းဦးစီးဌာနမှ အရာထမ်းများနှင့် အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး၊ ESRI Co., Ltd. (Thailand) မှ Mr. Tanarat Mityodwong (GIS Business Consultant) က ArcGIS Enterprise Software ဖြင့် GIS စနစ်တည်ဆောက်ခြင်းနှင့် စွမ်းဆောင်နိုင်မှုများအား PowerPoint ဖြင့် ရှင်းလင်းပြသခဲ့ပါသည်။

Go to top