အဆင့်မြင့်မြေတိုင်းသင်တန်းအမှတ်စဉ် (၅၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ပြင်ဦးလွင်မြို့၊ လေ့ကျင့်သင်ကြားရေးနှင့်အမှတ်(၁)မြေတိုင်းဌာနခွဲ၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၏ ၂၀၁၆-၂၀၁၇ ခု၊ မြေတိုင်းပညာသင်နှစ်၊ အဆင့်မြင့်မြေတိုင်းသင်တန်း အမှတ်စဉ် (၅၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် အဆိုပါသင်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
လေ့ကျင့်သင်ကြားရေးနှင့်အမှတ်(၁)မြေတိုင်းဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးကျော်ဌေးမှ အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
အဆိုပါဖွင့်လှစ်ခဲ့သော အဆင့်မြင့်မြေတိုင်းသင်တန်းတွင် သင်တန်းသား (၁၂) ဦး တက်ရောက် ကြပါသည်။
နံနက် (၁၁:၀၀) နာရီတွင် သင်တန်းဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ပါသည်။

Go to top