အလယ်အလတ်အဆင့်မြေတိုင်းသင်တန်းအမှတ်စဉ်(၆၄) နှင့် မှန်ပြောင်းသင်တန်းအမှတ်စဉ် (၃၈) တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံ မြေတိုင်းကျောင်း၊ အလယ်အလတ်အဆင့်မြေတိုင်းသင်တန်းအမှတ်စဉ်(၆၄) နှင့် မှန်ပြောင်းသင်တန်း အမှတ်စဉ်(၃၈)တို့၏ သင်တန်းဆင်းပွဲအခမ်းအနားကို ပြင်ဦးလွင်မြို့ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ (၂၇-၁-၂၀၁၇) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကျောင်းအုပ်ကြီး)မှ သင်တန်းဆင်းအမှာ စကားပြောကြားပြီး၊ အလယ်အလတ်အဆင့်မြေတိုင်းသင်တန်းအမှတ်စဉ်(၆၄)မှ ထူးချွန်သင်တန်းသား (၃)ဦး အားဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးနှင့် သင်တန်းအုပ်ချုပ်ရေးမှူး တို့မှ သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ကြပါသည်။
ယခုပညာသင်နှစ်တွင် အလယ်အလတ်အဆင့်မြေတိုင်းသင်တန်းအမှတ်စဉ် (၆၄) မှ သင်တန်းသား (၅) ဦး နှင့် မှန်ပြောင်းသင်တန်းအမှတ်စဉ်(၃၈)မှ သင်တန်းသား (၂၀) ဦး စုစုပေါင်း(၂၅)ဦး သင်တန်း ဆင်းခဲ့ကြပါသည်။

Go to top