အခြားလုပ်ငန်းဌာနများနှင့်ပူးပေါင်းဆောင်ရွက်မှု

          မြေတိုင်းဦးစီးဌာနသည် အောက်ဖော်ပြပါလုပ်ငန်းများအား အခြားလုပ်ငန်းဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

          (က)  ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါ အထူးစီးပွါးရေးဇုန် ပထမအဆင့်အကောင် အထည်ဖော်မည့် အကျယ်အဝန်း ဧရိယာ (၃၉၆.၀၆၂ ဟက်တာ) အား တိုင်းတာ၍  နယ်နိမိတ်
                 မှတ်တိုင်များ စိုက်ထူခြင်း၊

          ( ခ)  ပျူ ရှေးဟောင်းမြို့ (၃) မြို့ (ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း) အကျယ်အဝန်း ဧရိယာအားဖြင့်  ၃၁၁၃၃ ဧကအား ကွန်တိုခြားနားခြင်း ၁ မီတာဖြင့်မြေမျက်နှာသွင်ပြင်ပြ
                 မြေပုံများ (Topographic Maps) တိုင်းတာရေးဆွဲခြင်း၊

          ( ဂ)  တနင်္သာရီတိုင်းဒေသကြီးထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းအတွက် ဧရိယာ ၂၀၂.၅၁ စတုရန်းကီလိုမီတာကို GPS တိုင်းတာခြင်း။

           (ဃ) မြေတိုင်းဦးစီးဌာနမှ  အရာထမ်း၊  အမှုထမ်းများ  ပါဝင်သောတိုင်းတာရေးအဖွဲ့သည် Trimble  GPS  5800 အမျိုးအစားအသုံးပြု၍ ရခိုင်ပြည်နယ်၊ ကျောက်ဖြူအထူး
                 စီးပွားရေးဇုန် တည်ဆောက်မည့်  စီမံကိန်းနယ်နိမိတ်  တိုင်းတာသတ်မှတ်ခြင်း  လုပ်ငန်းအား ( ၄ - ၁၂ - ၂၀၁၄ ) ရက်နေ့မှ ( ၃၀-၁၂-၂၀၁၄ ) ရက်နေ့အထိ တိုင်းတာ
                 ဆောင်ရွက်ခဲ့ပါသည်။ ဧရိယာမှာ (၄၄၄၆.၇၀) ဧက ရှိပါသည်။

           (င)  မြေတိုင်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များပါဝင်သောတိုင်းတာရေးအဖွဲ့သည် Trimble GPS R10 နှင့် Nikon Nivo 1C Total Station ကိရိယာများအသုံးပြု၍
                 ကရင်ပြည်နယ်၊ မြဝတီစီးပွားရေးဇုန် တည်ဆောက်မည့် စီမံကိန်းနယ်နိမိတ် တိုင်းတာသတ်မှတ်ခြင်း လုပ်ငန်းကို (၁၂-၃-၂၀၁၅) ရက်နေ့မှ (၁၀-၄-၂၀၁၅) ရက်နေ့အထိ
                 တိုင်းတာဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းဧရိယာမှာ (၂၀၁) ဧက ကျယ်ဝန်းပါသည်။

live football streaming

football streaming

Go to top