မြန်မာနိုင်ငံမြေတိုင်းကျောင်း

မြေတိုင်းပညာလေ့ကျင့်သင်ကြားပေးခြင်း

          မြေတိုင်းလုပ်ငန်းများ အစဉ်ခေတ်မီ တိုးတက်နေစေရန်နှင့် ကျွမ်းကျင်မြေတိုင်း ပညာရှင် မျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်ရန် အတွက် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံမြေတိုင်းကျောင်း၌ လုပ်ငန်းဌာနအသီးသီးမှစေလွှတ်သည့် သင်တန်းသားများအား မြေတိုင်းသင်တန်း များကို ခေတ်မီနည်းပညာရပ်များပေါင်းစပ်ကာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိပါသည်။

         မြေတိုင်းသင်တန်းများသို့ မြေတိုင်းဦးစီးဌာန၏ သန္ဓေဝန်ထမ်းများသာမက ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ နယ်စပ်စည်ပင်၊ မြို့ရွာ နှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန စသည့် မြေတိုင်းတာခြင်းဘာသာရပ်နှင့် ဆက်နွယ်မှုရှိသော ဌာနများမှသင်တန်းသားများလည်း ဦးစီးဌာန၏ ညှိနှိုင်း စီစဉ်ပေးမှုအရတက်ရောက်ပါသည်။

          (က)    အဆင့်မြင့်မြေတိုင်းသင်တန်း                   သင်တန်းကာလ ( ၁၂ ) လ
          (ခ)  အလယ်အလတ်အဆင့်မြေတိုင်းသင်တန်း             သင်တန်းကာလ ( ၈ ) လ
          (ဂ)     အခြေခံအဆင့်မြေတိုင်းသင်တန်း                  သင်တန်းကာလ ( ၆ ) လ
          (ဃ)    ဌာနတွင်းမွမ်းမံသင်တန်း                   သင်တန်းကာလ ( ၃ ) လ
          (င)     မှန်ပြောင်းသင်တန်း                       သင်တန်းကာလ ( ၂ ) လ

          လုပ်ငန်း၊ ဌာနနှင့် အဖွဲ့အစည်းများမှ စေလွှတ်သော နိုင်ငံဝန်ထမ်း သင်တန်းသားများကို လက်ခံသင်ကြား ပေးလျက်ရှိပါသည်။

 

Go to top