အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း(၂၉-၁၂-၂၀၁၈)

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြေတိုင်းဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      မြေတိုင်းဦးစီးဌာနမှ ရေးဆွဲပုံနှိပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော မြန်မာပြည်၏ ပြည်နယ် နှင့်တိုင်းဒေသကြီးမြေပုံစာအုပ်(Atlas) ကို ပိုမိုဖြန့်ဖြူးရောင်းချနိုင်ရန်အတွက် ပုဂ္ဂလိကကုမ္ပဏီ (၁) ခုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂။      သို့ဖြစ်ပါ၍ စိတ်ဝင်စားသူ ပြည်တွင်း ကုမ္ပဏီ၊ လုပ်ငန်းများအနေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
၃။      အိတ်ဖွင့်တင်ဒါများအား ( ၈ - ၂ - ၂၀၁၉) ရက်နေ့ (၁၂:၀၀) နာရီတွင် နောက်ဆုံးထား၍ လက်ခံမည်ဖြစ်ပြီး (၁၄:၀၀) နာရီတွင် တင်ဒါဖွင့်လှစ်ပါမည်။
၄။      အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင် ရယူနိုင်ပါမည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြေတိုင်းဦးစီးဌာန၊
 
မြို့ပတ်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်
ဖုန်း - ၀၆၇-၃၄၁၃၄၃၃၊ ၀၆၇-၃၄၁၃၀၇၃

 

Go to top