လေ့ကျင့်သင်ကြားရေးနှင့် အမှတ်(၁) မြေတိုင်းဌာနခွဲ လုပ်ငန်းဆောင်ရွက်မှုများ

လေ့ကျင့်သင်ကြားရေးနှင့် အမှတ် (၁) မြေတိုင်းဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်မှုများ

(က)   ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများ

၂၀၁၃-၁၄ခု၊ ဘဏ္ဍာရေးနှစ်(၂၀၁၃ခုနှစ်၊ ဧပြီလမှ ၂၀၁၄ခုနှစ်၊ မတ်လ အထိ)အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတို့မှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

(၁)လေ့ကျင့်သင်ကြားရေးဌာနစု

   (၁)  ၂၀၁၃-၂၀၁၄ခု၊ ပညာသင်နှစ်၊ အရာရှိမြေတိုင်းသင်တန်း အမှတ်စဉ်(၄၉)၊ တန်းမြင့်မြေတိုင်းသင်တန်း အမှတ်စဉ်
         (၆၁)၊  အခြေခံမြေတိုင်းသင်တန်း  အမှတ်စဉ် (၇၂)နှင့်  မှန်ပြောင်းသင်တန်း အမှတ်စဉ်(၃၅)တို့အား ဖွင့်လှစ်
         သင်ကြားခြင်း၊  
   (၂)  အရာရှိ မြေတိုင်းသင်တန်း အမှတ်စဉ်(၄၉)မှ သင်တန်းသားများသည် ကွက် ကြဲကွင်း (၅) ကွင်း(ဧရိယာအားဖြင့်
        ၄၉၈.၉၈ ဧက) ကွက်ကြဲ တိုင်းတာခြင်း၊
   (၃)  တန်းမြင့် မြေတိုင်းသင်တန်း အမှတ်စဉ် (၆၁)၊ အခြေခံ မြေတိုင်းသင်တန်း အမှတ်စဉ် (၇၂)တို့မှ သင်တန်းသား
         များသည် မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ် တို့တွင် ကွင်းမြေပုံ(၁၈)ချပ် အကျယ်အဝန်း ဧရိယာအားဖြင့်
         (၇၇၆၃.၁၅ ဧက)တို့အား ကွင်းဆင်း တိုင်းတာခြင်း၊

မြေတိုင်းဘာသာရပ်များသင်ကြားပို့ချပေးခြင်း

မြေတိုင်းသင်တန်းများသို့ မြေတိုင်းဦးစီးဌာန၏သန္ဓေဝန်ထမ်းများသာမက ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ နေပြည် တော်စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မန္တလေးမြို့တော်စည်ပင် သာယာရေး ကော်မတီ၊ နယ်စပ်စည်ပင်၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန စသည့်မြေတိုင်းတာခြင်း ဘာသာရပ်နှင့် ဆက်နွယ်မှုရှိသော ဌာနများမှ သင်တန်းသားများလည်း ဦးစီးဌာန၏ ညှိနှိုင်းစီစဉ်ပေးမှုအရတက်ရောက်ပါသည်။

မြန်မာနိုင်ငံမြေတိုင်းကျောင်း စတင်ဖွင့်လှစ်သည့် ၁၉၄၇ ခုနှစ် မှ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလကုန  အထိ သင်တန်းသား စုစုပေါင်း (၁၁၉၇၀)ဦး တက်ရောက်သင်ကြားအောင်မြင်ခဲ့ပြီးဖြစ်ပါသည်။ သင်တန်းအမျိုးအစားနှင့် တက်ရောက် သင်ကြားသည့် အင်အားမှာ  အောက်ပါ အတိုင်းဖြစ်ပါသည်။

စဉ်

သင်တန်းအမျိုးအစား

တက်ရောက်သည့်ဌာနများ

မှတ်ချက်

(အခြားဌာနများ)

မြေတိုင်း

ဆည်မြောင်း

ကြေးတိုင်

အခြား

စုစုပေါင်း

၁။

အရာရှိ

၁၄၂

၃၄၈

၃၄

၅၂၅

မြို့/အိုး၊ နေပြည် တော်စည်ပင်၊ ရန်ကုန်စည်ပင်၊ မန္တလေးစည်ပင်၊ မြန်မာ့ရေနံလုပ်

ငန်း၊ ဘ.ဓ.ရ၊

ပ.ဆ.င၊

နယ်စပ်စည်ပင်

၂။

တန်းမြင့်

-

-

၁၉၀၇

၁၉၁

၂၀၉၈

၃။

အခြေခံ

၄၄၂

၂၂

၇၆၈၂

၄၀၁

၈၅၄၇

၄။

မှန်ပြောင်း

၃၆၃

-

-

၁၈၃

၅၄၆

၅။

မွမ်းမံ

၂၅၄

-

-

-

၂၅၄

 

စုစုပေါင်း

၁၂၀၁

၂၃

၉၉၃၇

၈၀၉

၁၁၉၇၀

 

ပို့ချသော ဘာသာရပ်များ

(၁) အရာရှိမြေတိုင်းသင်တန်းတွင် အောက်ဖော်ပြပါ ဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချ ပေးပါသည်။

            ( 1) Principle of Surveying
            ( 2) Linear Measurements
            ( 3) Scale
            ( 4) Plane-Table Surveying                        
            ( 5) Traversing (Theodolite)
            ( 6) Cadastral Surveying
            ( 7) Measurement of Area
            ( 8) Contouring
            ( 9) Ordinary Levelling
            (10) Tacheometrical Surveying
            (11) Triangulation
            (12) Topographical Surveying
            (13) Ground Control Points
            (14) Astronomy for surveyors
            (15) Theory of Errors
            (16) Map Projections
            (17) Graticules of Maps
            (18) Survey computation and Adjustment
            (19) Fair Drawing
            (20) Maps origin and grid system
            (21) Introductory Lectures on Aerial Survey
            (22) Introductory Lectures on Cartography
            (23) GPS Observation & Computation
            (24) Total Station & Plotting

( ၂) တန်းမြင့်မြေတိုင်းသင်တန်းတွင်  အောက်ဖော်ပြပါဘာသာရပ်များကို   မြန်မာဘာသာဖြင့် သင်ကြားပို့ချပေးပါသည်။

          (  ၁) မြေတိုင်းခြင်း၏ အခြေခံသဘောတရားများ
          (  ၂) အလျားတိုင်းတာခြင်းနှင့် အသုံးပြုသော မြေတိုင်းကိရိယာပစ္စည်းများ
          (  ၃) သီအိုဒိုလိုက်မှန်ပြောင်းအားကိုင်တွယ်အသုံးပြုခြင်းနှင့် ပြုပြင်ခြင်းများ
          (  ၄) ကွက်ကြဲတိုင်းတာခြင်းနှင့် တွက်ချက်မှုများဆိုင်ရာ ဘာသာရပ်
          (  ၅) မြေမျက်နှာပြင်တိုင်းတာခြင်းဘာသာရပ်
          (  ၆) ကွက်စိတ်တိုင်းတာခြင်းဘာသာရပ်
          ( ၇) ဧရိယာတွက်ချက်တိုင်းတာခြင်း
          ( ၈) နိမ့်မြင့်တိုင်းတာခြင်း
          ( ၉) မြေပုံအရိပ်ချစနစ်များ
          (၁၀) Geodetic GPS တိုင်းတာခြင်းနှင့် တွက်ချက်ခြင်း
          (၁၁) Totalstation တိုင်းတာခြင်းနှင့် ပုံထုတ်ခြင်း

( ၃) အခြေခံမြေတိုင်းသင်တန်းတွင် အောက်ဖော်ပြပါ ဘာသာရပ်များကို   မြန်မာဘာသာဖြင့်သင်ကြားပို့ချပေးပါသည်။

          ( ၁) မြေတိုင်းခြင်း၏ အခြေခံသဘောတရားများ
          ( ၂) မြေတိုင်းကိရိယာများနှင့် ကိုင်တွယ်အသုံးပြုခြင်းများ
          ( ၃) စကေးအမျိုးမျိုးနှင့် မြေပုံအမျိုးမျိုးအကြောင်း
          ( ၄) ထောင့်ဖြတ်စကေးတည်ဆောက်ခြင်းနှင့် အသုံးပြုနည်းများ
          ( ၅) မြေပုံဆွဲလုပ်ငန်းအမျိုးမျိုး
          ( ၆) မြေတိုင်းသံကြိုးနှင့် တိုင်းတာခြင်းများ
          ( ၇) မြေတိုင်းခုံသက်သက်ဖြင့် မြေတိုင်းခြင်းများ
          ( ၈) တွက်ချက်ညှိနှိုင်းခြင်းအမျိုးမျိုးဆောင်ရွက်ခြင်း
          ( ၉) ကွက်စိတ်တိုင်းတာခြင်းဘာသာရပ်
          (၁၀) ဧရိယာတွက်ချက်တိုင်းတာခြင်းဘာသာရပ်များဖြစ်ပါသည်။
          (၁၁) မြေပုံအရိပ်ချစနစ်များ
          (၁၂)  Hand held GPS ကိုင်တွယ်အသုံးပြုခြင်း
          (၁၃) Totalstation တိုင်းတာခြင်းနှင့် ပုံထုတ်ခြင်း

(၂)     အမှတ်(၁)မြေတိုင်းဌာနစု

          (၁) ၁:၅၀,၀၀၀ စကေး UTM Revised Map များကိုအခြေခံ၍ ၁:၁၀၀,၀၀၀ နှင့် ၁:၂၅၀,၀၀၀ စကေး UTM မြေပုံ
              ချပ်အမှတ်  ၁၅၉၄၊  ၁၆၉၄၊  ၁၅၉၅၊  ၁၆၉၅၊  ၁၇၉၅၊  ၁၈၉၅၊  ၁၉၉၅၊  ၂၀၉၅ တို့အားကွဲလွဲချက် များတိုက်ဆိုင်
              စစ်ဆေးခြင်း၊

          (၂) ၁:၅၀,၀၀၀ စကေး UTM များအား (Up date) Revision လုပ်ငန်းအတွက်  တနင်္သာရီတိုင်းဒေသကြီးအတွင်း
              တွင် (၃၁)ချပ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင်(၅၀)ချပ်တို့အား Field Verification ကွင်း
              ဆင်းစစ်ဆေးခြင်း၊

          (၃) မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ အခြေခံနှင့် တန်းမြင့် မြေတိုင်းသင်တန်းသားများ လက်တွေ့ကွင်းဆင်း တိုင်းတာ
               ခဲ့သော  မတ္တရာမြို့နယ်နှင့်  စဉ့်ကူးမြို့နယ်တို့မှ  ကွင်းမြေပုံ(၁၈)ချပ်တို့အား ကွင်းနယ်နိမိတ်စပ်ခြင်း ( Kwin
               boundary Adjustment)၊ မြေပုံချောရေးဆွဲခြင်း (Fair drawing)၊ အကွက်နံပါတ်များ ရေးထိုးခြင်း
               (Numbering)နှင့် ဧရိယာတွက်ချက်ခြင်း၊

          (၄) ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါ အထူးစီးပွါးရေးဇုန် ပထမအဆင့် အကောင် အထည်ဖော်မည့် အကျယ်အဝန်း
               ဧရိယာ (၃၉၆.၀၆၂ ဟက်တာ)အား တိုင်းတာ၍ နယ်နိမိတ်မှတ်တိုင်များ စိုက်ထူခြင်း၊

          (၅) ပျူရှေးဟောင်းမြို့(၃)မြို့(ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း)၊ အကျယ်အဝန်း ဧရိယာအားဖြင့် ၃၁၁၃၃ဧကအား
               ကွန်တိုခြားနားခြင်း ၁မီတာဖြင့် မြေမျက်နှာ သွင်ပြင်ပြ မြေပုံများ (Topographic Maps)တိုင်းတာရေးဆွဲခြင်း၊

          (၆) နေပြည်တော် - မန္တလေး အမြန်လမ်းမကြီးတလျှောက် နိမ့်မြင့်မှတ်တိုင် (၈၀)လုံး အား တည်ဆောက်ခြင်းနှင့်
               ပထမတန်းစား နိမ့်မြင့်တိုင်းတာခြင်း ( 1st Order Levelling) လုပ်ငန်းများ ဆောင်ရွက်ခြင်း။

(ခ)     ရှေ့လုပ်ငန်းစဉ်များ

၂၀၁၅-၁၆ခုနှစ်၊ ဘဏ္ဍာရေးနှစ်(၂၀၁၅ခုနှစ်၊ ဧပြီလမှ ၂၀၁၆ ခုနှစ် မတ်လအထိ)အတွင်း အောက်ဖော်ပြပါ လုပ်ငန်း များအား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

(၁)     လေ့ကျင့်သင်ကြားရေးဌာနစု

လေ့ကျင့်သင်ကြားရေးဌာနစု(မြန်မာနိုင်ငံမြေတိုင်းကျောင်း)တွင်အောက်ဖော်ပြပါမြေတိုင်းသင်တန်းများ ကိုဖွင့်လှစ် ပို့ချသွား မည်ဖြစ်ပါသည်။

စဉ်

သင်တန်း

ကာလ

ပညာအရည်အချင်း

မှတ်ချက်

၁။

အရာရှိမြေတိုင်းသင်တန်း အမှတ်စဉ် (၅၀)

၁၂ လ

ဘွဲ့တစ်ခုခုရရှိပြီးဖြစ်ရမည်။
လစာနှုန်း(၉၉၀၀၀- ၁၀၀၀- ၁၀၄၀၀၀)ရာထူးနှင့်အထက် ရာထူးနေရာများတွင် တာဝန်ထမ်းဆောင်သူဖြစ်ရမည်။

 

၂။

တန်းမြင့်မြေတိုင်းသင်တန်း အမှတ်စဉ် (၆၃)

  ၈ လ

အခြေခံမြေတိုင်းသင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

 

၃။

အခြေခံမြေတိုင်းသင်တန်း အမှတ်စဉ်(၇၄)

  ၆ လ

အနည်းဆုံးအခြေခံပညာအထက်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။

 

၄။

မှန်ပြောင်းသင်တန်း အမှတ်စဉ်(၃၆)

  ၂ လ

အခြေခံမြေတိုင်းသင်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။

 

၅။

ဌာနတွင်းမွမ်းမံသင်တန်း

  ၁ လ

အခြေခံမြေတိုင်းသင်တန်းအောင်မြင်ပြီး ဌာနတွင်းဝန်ထမ်းများ ဖြစ်ရမည်။

 

(၂)     အမှတ်(၁)မြေတိုင်းဌာနစု

          (၁) ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းဖြစ်သော ၁: ၅၀,၀၀၀ စကေး မြေပုံများအား ကွင်းဆင်းစစ်ဆေးခြင်း(Field
               Verification)  လုပ်ငန်းအား  ဘူမိပမာဏနှင့် အမှတ် (၂) မြေတိုင်းဌာနခွဲနှင့်အတူ ညွှန်ကြားရေးမှူးချုပ်ရုံး၏
               ညွှန်ကြားချက်အရပူးပေါင်းဆောင် ရွက်ခြင်းနှင့် ၁:၅၀၀၀၀ စကေး UTM ​မြေပုံများကို အခြေခံ၍ ၁:၁၀၀၀၀၀
               စကေးနှင့် ၁:၂၅၀၀၀၀ စကေး UTM  မြေပုံများအားတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို မြေပုံထုတ်လုပ်ရေး
               ဌာနခွဲနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊

          (၂) အခြားစီမံကိန်းမြေပုံများတိုင်းတာခြင်း၊ လယ်ယာမြေတိုင်းတာခြင်း၊ မြို့မြေ တိုင်းတာခြင်း တို့အားလည်း လုပ်ငန်း
              ပေါ်ပေါက်မှုအရဆောင်ရွက်ခြင်း။

Go to top