ကောင်းကင်မြေတိုင်းနှင့် ဓာတ်ပုံဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်မှုများ

ကောင်းကင်မြေတိုင်းနှင့်ဓာတ်ပုံဌာနခွဲ၏ လုပ်ငန်းဆောင်ရွက်မှုများ

(က)   ဆောင်ရွက်ပြီးစီးခဲ့သောလုပ်ငန်းများ

( ၁)   သမိုင်း၀င် ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းလုပ်ငန်းများ

မြန်မာနိုင်ငံ၏ ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်း လုပ်ငန်းအား ၁၉၂၃ - ၁၉၂၄ ခုနှစ် တွင်စတင်ခဲ့ပါသည်။ မြန်မာနိုင်ငံ သည်အရှေ့တောင် အာရှနိုင်ငံများအနက် ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်း လုပ်ငန်းအား ဦးစွာဆောင်ရွက်နိုင်သည့် နိုင်ငံဖြစ်ပါသည်။ ကောင်းကင်ဓာတ်ပုံဖတ်ရှု လေ့လာခြင်းပညာ ( Photographic Interpretation) ဖြင့်သစ်တောများဖုံးလွှမ်းမှု ပမာဏ ခန့်မှန်းခြင်း၊ ဓာတ်သတ္တုအရင်းအမြစ်များ ရှာဖွေခြင်း၊ မြေငလျင်ကြောများ၊ ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက်များရရှိခြင်း၊ မြေမျက်နှာပြင်ပြမြေပုံများရေးဆွဲခြင်းလုပ်ငန်း များအားအချိန်တိုအတွင်း ငွေကုန်ကြေးကျ သက်သာစွာဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်လျက် ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ ပါသည်။

ကိုလိုနီခေတ်အတွင်း ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းကို ၁၉၂၃-၂၄ ခုနှစ်တွင် Fairey Air Survey Co., Ltd, London မှ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသစ်တောများနှင့် ၁၉၂၅ - ၂၆ ခုနှစ်တွင် ထားဝယ် - မြိတ် ဒေသသစ်တောများကို လည်းကောင်း၊ ၁၉၄၂ - ၄၃ ခုနှစ်များတွင် Indian Air Survey Co., မှ ချင်းတောင်၊ ရခိုင်ပြည်နယ်နှင့် ရခိုင်ရိုးမဒေသများကို လည်းကောင်း၊ ၁၉၄၄-၄၅ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုလေတပ် ( US Air Force ) မှ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်စသည်တို့၏မြို့များကိုလည်းကောင်း မြန်မာ-ထိုင်းနယ်စပ် ဒေသများတွင်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။

၁၉၅၃ ခုနှစ်၊ မတ်လ(၁၉)ရက်တွင် အမေရိကန်နိုင်ငံမှ Worldwide Air Survey Corporation နှင့် အမေရိကန် ဒေါ်လာ (၇၃၅၀၀) ကုန် ကျမည့် စာချုပ်ချုပ်ဆိုကာ ကောင်းကင်ဓာတ်ပုံမှ မြေပုံရေးဆွဲထုတ်လုပ်နိုင်သည့် စက်ကိရိယာများ ရရှိရေးနှင့် ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရေးကို ပထမဦးဆုံးခြေလှမ်းအဖြစ်  စတင်ဆောင်ရွက်ခဲ့ပါသည်။  စာချုပ်အရ  Aerial Triangulation   ပြုလုပ်နိုင်ပြီး Small Scale နှင့် Medium Scale  မြေပုံများ ရေးဆွဲနိုင်သည့် Projector (၁၂) လုံးပါ Multiplex စက်နှင့် ကောင်းကင်ဓာတ်ပုံကူးစက်(Contact Printer)၊ Photogrammetry ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများ၊ နည်းပညာများ (Technology Transfer) နှင့်ဧရိယာ စတုရန်းမိုင် ( ၇၆၀၀၀ ) ကျော်အား ကောင်းကင်ဓာတ်ပုံရိုက်ကူးပေးခြင်း နှင့် အလျားမိုင် ( ၆၀၀၀ ) ခန့် Airborne Magnetometer Survey ပြုလုပ်၍  သံလိုက်ဆွဲ အားပြမြေပုံ (Magnetic Map) ထုတ်လုပ်ပေးခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ပါသည်။

၁၉၅၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ Fairey Air Survey Company နှင့်စာချုပ် ချုပ်ဆို၍ Worldwide Air Survey Corporation နှင့် မရိုက်ကူးခဲ့သည့် ကျန်ဒေသများကို ၁:၆၀၀၀၊ ၁:၂၀၀၀၀ နှင့် ၁:၅၀၀၀၀ စကေးကောင်းကင်ဓာတ်ပုံများရိုက်ကူးပေးရန်သဘောတူ ဆောင်ရွက် ခဲ့ကြပြီး ၁၉၆၂ ခုနှစ်အထိ ဓာတ်ပုံရိုက်ပွင့်လင်းရာသီ (၅) ရာသီအတွင်း ရိုက်ကူးခဲ့ပါသည်။

(၂)    UTM  စီမံကိန်းအတွက် ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်း

၂၀၀၀-၂၀၀၁ မှ ၂၀၀၆-၂၀၀၇ ခုနှစ်များအတွင်း UTM စနစ်ပြောင်းလဲရေးဆွဲခြင်း ဆောင်ရွက်ရာတွင်ကောင်းကင် ဓာတ်ပုံရိုက်ကူး ခြင်းလုပ်ငန်းအားပြည်ပမှပညာရှင်များ အားခေါ်ယူ၍ ဆောင်ရွက်ခဲ့ရပါသည်။

ကောင်းကင်ဓာတ်ပုံရိုက်ကူးရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းကိရိယာများနှင့် ရိုက်ကူးပြီးဖလင်ဆေးကြောရာတွင်အသုံး ပြုခဲ့သည့် ပစ္စည်းကိရိယာများမှာ

          -  Cessna Citation II Air Craft
         -  RC-30 Camera
         -  Computer Control Navigation System (CCNS-4)
         -  Hope Automatic Film Processor
         -  SPEK Contact Printer
         -  Vexel Ultra Scan 5000 တို့ဖြစ်ကြပါသည်။

မြေတိုင်းဦးစီးဌာနပိုင်Cessna Citation II Air Craft ကိုအသုံးပြု၍ Computer Control Navigation System (CCNS-4) နှင့် RC-30 Camera ဖြင့်ရိုက်ကူးရေး ဆောင်ရွက်ခဲ့ပါသည်။ ရိုက်ကူးရရှိလာသောဖလင်များအား ဆေးကြောခြင်းဆောင်ရွက်ရာတွင် Hope Automatic Film Processor အသုံးပြုခဲ့ပါသည်။ SPEK Contact Printer ဖြင့် Hard Copy ဓာတ်ပုံများကို ထုတ်ယူပါသည်။​ ဆေးကြောရရှိလာသည့် ဖလင်များအား ဒစ်ဂျစ်တယ် ဓာတ်ပုံများအဖြစ်သို့ ပြောင်းလဲနိုင်ရန်အတွက် Vexel Ultra Scan 5000 Photogrammetric Scanner အသုံးပြု၍ Scan ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရပါသည်။

(၃)   Digital Camera  အသုံးပြု၍ ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်း

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊မြေတိုင်းဦးစီးဌာနမှကောင်းကင်ဓာတ်ပုံအသုံးပြု၍မြေပြင် သတင်းအချက်အလက်များရယူနိုင်ရန်၊အရည်အသွေးမြင့် ကောင်းကင်ဓာတ်ပုံအသုံးပြုမြေပုံရေးဆွဲခြင်းလုပ်ငန်း၊ စီမံကိန်း လုပ်ငန်းများဆောင်ရွက် နိုင်ရန်တွက်ခေတ်မီနည်းပညာသုံးUltra Cam Eagle Digital Camera အား၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အတွင်းဝယ်ယူအသုံးပြုခဲ့ပါသည်။

မြေတိုင်းဦးစီးဌာနသည် ကောင်းကင်ဓာတ်ပုံရိုက်ကူးသည့် Ultra Cam Eagle အားအသုံးပြု၍ ဌာန၏လူသားအရင်း အမြစ် (Human Resource) ဖြင့်ကောင်းကင်ဓာတ်ပုံ ရိုက်ကူး ခြင်းဆောင်ရွက်နိုင်ရန်၊ မျိုးဆက်သစ်ပညာရှင်များ မွေးထုတ်နိုင်ရန်ရည်ရွယ်ပါသည်။

UltraCam Eagle Camera  အားကိုင်တွယ်နည်းစနစ်၊  ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်းဆိုင်ရာ  စာတွေ့၊ လက်တွေ့ ဆောင်ရွက်မှု သင်တန်းအား Mr. Tan Tong Gee, Image Maps Pte  Ltd, Singapore မှ (၆- ၃-၂၀၁၃)ရက်နေ့ မှ (၂၁-၃-၂၀၁၃)ရက်နေ့ထိ သင်ကြား ပို့ချပေးခဲ့ပါသည်။​ မြေတိုင်းဦးစီးဌာနမှ အရာထမ်း(၄)ဦးတက်ရောက်စာတွေ့လက်တွေ့ လေ့လာသင်ယူခဲ့ ပါသည်။

ရိုက်ကူးပြီးကောင်းကင်ဓာတ်ပုံများအား Photo Processing လုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက် UltraMap Photo Processing သင်တန်းကို Mr.Rama Murthy Panangipalli, Image Maps Pte Ltd, Singapore, Geospatial Services Senior Engineerမှသင်တန်းအား (၁-၄-၂၀၁၃) ရက်နေ့မှ (၁၁-၄-၂၀၁၃) ရက်နေ့ထိသင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား(၈)ဦး တက်ရောက်သင်ကြား ခဲ့ပါသည်။

၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့မှ၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ(၂၂)ရက်ထိ၊ ဒုတိယအကြိမ် ထပ်မံ၍ ကောင်းကင်ဓာတ်ပုံ ရိုက်ကူးခြင်းနှင့် ဆက်စပ်လျက်ရှိသည့် Airborne GPSတွက်ချက်ခြင်း ဆိုင်ရာ သင်တန်းအား ကျွမ်းကျင်ပညာရှင် Mr.Lasse Andersson  Finmap Co.Ltdမှ သင်ကြားပေးခဲ့ပါသည်။ ရိုက်ကူးခဲ့သည့်ဧရိယာမှာ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံ ခရိုင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်တို့အတွင်းရှိ UTM, 1:50,000 scale ​မြေပုံချပ်အမှတ် 2195-05, 2195-06, 2195-09, 2195-10, 2195-13, 2195-14, 2196-01, 2196-02 စုစုပေါင်းမြေပုံ(၈)ချပ် ဧရိယာအကျယ်အဝန်း(၆၀၀၀)စတုရန်းကီလိုမီတာ (၂၃၅၀ စတုရန်းမိုင်ခန့်) ဖြစ်ပါသည်။

 (၄)    ကောင်းကင်ဓာတ်ပုံမှ မြေပုံရေးဆွဲထုတ်လုပ်ခြင်း

ကောင်းကင် ​မြေတိုင်းနှင်ဓာတ်ပုံဌာနခွဲသည် ကောင်းကင်ဓာတ်ပုံမှ မြေပုံထုတ်လုပ်ခြင်း လုပ်ငန်းများအား စတင်ဖွဲ့စည်း တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ Wild A7, Wild A8, PPO-8, Wild B8 စသည့် Analogue Plotter များ အသုံးပြု၍ ကောင်းကင်ဓာတ်ပုံမှ မြေပုံရေးဆွဲခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါသည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြေပုံရေးဆွဲထုတ်လုပ်ရေးနည်းပညာများနှင့်အညီ သမားရိုးကျ မြေပုံရေးဆွဲ ထုတ်လုပ်ခြင်းမှ ဒစ်ဂျစ်တယ်မြေပုံရေးဆွဲထုတ်လုပ်ခြင်းသို့ ပြောင်းလဲခဲ့ပါသည်။ ၂၀၀၀-၂၀၀၁ မှ ၂၀၀၆-၂၀၀၇ ခုနှစ်များအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးအား လွှမ်းခြုံသည့် ၁:၅၀၀၀၀ စကေး UTM စနစ် ဒစ်ဂျစ်တယ်မြေပုံ (၁၁၃၄) ချပ်အား DVP (Digital Video Plotter)  ဖြင့် ရေးဆွဲထုတ်လုပ်ခဲ့ပါသည်။

၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် အချိန်နှင့် အမျှပြောင်းလဲတိုးတက်နေသည့် မြေပြင်လက္ခဏာ များနှင့်ထုတ်လုပ်ခဲ့သည့် UTM ​မြေပုံများ အကြားကွာဟမှု နည်းနိုင်သမျှ လျော့နည်းစေရန် အတွက် Up-to-date UTM Revision Map များအား Second Edition အဖြစ် ရေးဆွဲ ထုတ်လုပ်ခဲ့ပါသည်။

(၅)    Summit Evolution Work Station အသုံးပြုခြင်း

၂၀၀၂ခုနှစ် UTM စနစ်ဖြင့် မြေပုံရေးဆွဲထုတ်လုပ်ခြင်း စတင်ဆောင်ရွက်ချိန်မှ ၂၀၁၄ ခုနှစ် ထိ Summit Evolution Work Station version 2.9 အားအသုံးပြု၍ မြေပုံရေးဆွဲ ထုတ်လုပ်ခဲ့ပါသည်။၂၀၁၄ ခုနှစ်တွင် DAT-EM Systems International (Alaska U.S.A) မှထုတ်လုပ်သော Summit Evolution Photogrammetric Workstation Version 6.8 အားစတင် အသုံးပြုခဲ့ပါသည်။

Summit EV Training ကို USA နိုင်ငံ DAT-EM Systems International (Alaska) မှ  ကနေဒါနိုင်ငံသား  International Sales and Technical Support Manager Mr. Ken Byres ကပို့ချပေးခဲ့ပါသည်။ မြေတိုင်းဦးစီးဌာနမှ သင်တန်းသား(၁၀)ဦးသင်တန်းအား (၁၃-၁-၂၀၁၄) ရက်နေ့မှ (၁၆-၁-၂၀၁၄)  ရက်နေ့အထိ (၄)ရက်  ကြာပို့ချခဲ့ပါသည်။  အသစ်တိုးချဲ့  ပါဝင်လာသော စွမ်းအားမြင့် Advanced Tools များ Latest Functions များကို ကောင်းကင်ဓာတ်ပုံမှ မြေပုံထုတ်လုပ်ခြင်းလုပ်ငန်းများတွင် ပိုမိုကျွမ်းကျင်စွာဆောင်ရွက်နိုင် စေရန်နှင့် မြေတိုင်းဦးစီးဌာနရှိ ဝန်ထမ်းများအား လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် ဖြစ်ပါသည်။

(၆)    PCI Geomatica Software အသုံးပြုခြင်း

PCI Geomatica Training သင်တန်းကို ( ၁၇-၆-၂၀၁၃ )ရက်နေ့မှ ( ၁-၇-၂၀၁၃ ) ရက်နေ့ အထိ ကနေဒါနိုင်ငံ PCI Geomatics Inc.မှ Application Engineer Mr. Shawn Melamed က ပို့ချပေးခဲ့ပါသည်။

မြေတိုင်းဦးစီးဌာနမှဝယ်ယူခဲ့သော Geomatica Software အနေဖြင့် ကောင်းကင်မြေတိုင်းတွင်လက်ရှိအသုံးပြုလျက်  ရှိသော Photogrammetric mapping လုပ်ငန်းစဉ် သာမက ခေတ်ပေါ် Digital Camera မှ ရရှိသော Aerial Photo Imagery များ ၊ Satellite Sensor မှရရှိသော Remote Sensing Satellite imagery များပါ အသုံးပြုနိုင်သည့်အပြင် GIS လုပ်ငန်းစဉ်ဖြစ်သော Data base modeling, Spatial Analysis, GIS mapping စသည့် အဆင့်မြင့်လုပ်ငန်းစဉ်များကိုပါ ဆောင်ရွက်နိုင်သည့် Software ဖြစ်ပါသည်။

 

(၇)    ကောင်းကင်မြေတိုင်းနှင့်ဓာတ်ပုံဌာနခွဲမှဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများ

 

ဘဏ္ဍာရေးနှစ်

လုပ်ငန်းအမျိုးအစား

ပြီးစီးမှုအခြေအနေ

မှတ်ချက်

၂၀၁၃-၁၄ 

၁။ ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်း  

ဧရိယာ - (လတ္တီကျု  ၁၅º ၃၀ʹ နှင့် ၁၈º ၀၀ʹ  နှင့်

             လောင်ဂျီကျု ၉၄º ၀၀ʹ နှင့် ၉၇º ၀၀ʹ  ကြား)     

           - UTM 1:50,000 မြေပုံချပ်ပေါင်း(၉၁)ချပ်၊

              (၈၈,၆၃၄ စတုရန်းကီလိုမီတာ)

           - (ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊

              ပဲခူးတိုင်းဒေသကြီးတောင်ပိုင်းနှင့်

               ရခိုင်ပြည်နယ်တောင်ပိုင်းတို့ပါဝင်သည်)     

 

၂။ Revision Map ရေးဆွဲခြင်း  

UTM 1:50,000 မြေပုံချပ်ပေါင်း(၁၅၀)ချပ်

 

၃။ ဓာတ်ပုံညွှန်းရိုက်ကူးခြင်း

UTM 1:50,000 မြေပုံချပ်ပေါင်း(၂၄)ချပ်

 

၄။ မြေပုံသစ်ရေးဆွဲခြင်း

-

 

၅။ အခြား

-

 

၂၀၁၄-၁၅

၁။ ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်း

ဧရိယာ - (လတ္တီကျု  ၁၈º ၀၀ʹ နှင့် ၁၉º ၀၀ʹ  နှင့်

               လောင်ဂျီကျု ၉၃º ၂၆ʹ နှင့် ၉၇º ၀၀ʹ  ကြား)     

           - UTM 1:50,000 မြေပုံချပ်ပေါင်း(၅၁)ချပ်၊

              (၃၈,၁၅၀ စတုရန်းကီလိုမီတာ)

           - (ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီးတောင်ပိုင်း၊                 

              ဧရာဝတီတိုင်းဒေသကြီးမြောက်ပိုင်း၊ ကရင်ပြည်နယ်၊

              ရခိုင်ပြည်နယ်တို့ပါဝင်သည်)     

 

၂။ Revision Map ရေးဆွဲခြင်း

UTM 1:50,000 မြေပုံချပ်ပေါင်း(၁၅၀)ချပ်

 

၃။ ဓာတ်ပုံညွှန်းရိုက်ကူးခြင်း

UTM 1:50,000 မြေပုံချပ်ပေါင်း(၁၂)ချပ်

 

၄။ မြေပုံသစ်ရေးဆွဲခြင်း

UTM 1:50,000 မြေပုံချပ်ပေါင်း(၂၇)ချပ်

 

၅။ အခြား

-

 

၂၀၁၅-၁၆

၁။ ကောင်းကင်ဓာတ်ပုံရိုက်ကူးခြင်း

 

 

၂။ Revision Map ရေးဆွဲခြင်း

UTM 1:50,000 မြေပုံချပ်ပေါင်း(၆၈)ချပ်

၃၁.၈.၁၅    အထိ

၃။ ဓာတ်ပုံညွှန်းရိုက်ကူးခြင်း

UTM 1:50,000 မြေပုံချပ်ပေါင်း(၄)ချပ်

၃၁.၈.၁၅    အထိ

၄။ မြေပုံသစ်ရေးဆွဲခြင်း

UTM 1:50,000 မြေပုံချပ်ပေါင်း(၂၀)ချပ်

၃၁.၈.၁၅    အထိ

၅။ အခြား

 

 

(ခ)    ရှေ့လုပ်ငန်းစဉ်များ

ကောင်းကင်မြေတိုင်းနှင့်ဓာတ်ပုံဌာနခွဲ၏​ရှေ့လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

          (၁)  ခေတ်မီနည်းပညာများအသုံးပြု၍မှန်ကန်တိကျသောမြေမျက်နှာပြင်နိမ့်မြင့်ပြ မြေပုံများ စကေးအမျိုးမျိုးဖြင့်ရေး
                ဆွဲထုတ်လုပ်ရန်၊
          (၂)  မြန်မာနိုင်ငံတစ်ဝှမ်းလုံးအားအသစ်ဝယ်ယူထားသည့်UltraCam Eagle Digital Cameraအသုံးပြု၍30 GSD
                Resolution ဖြင့် ကောင်းကင်ဓာတ်ပုံများ ရိုက်ကူးရန်၊
          (၃)  High Resolution Aerial Photo များအသုံးပြု၍နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည့် စကေးကြီး
                စီမံကိန်းမြေပုံများ ထုတ်လုပ်သွားရန်၊
          (၄)  ဒစ်ဂျစ်တယ်စနစ်ကောင်းကင်ဓာတ်ပုံများ၊ စကေးကိုက်ဓာတ်ပုံမြေပုံများ(Orthophoto Map) ရေးဆွဲ
                ထုတ်လုပ်ရန်၊
          (၅)  1:25,000  Scale Topographic Map များအား မြန်မာနိုင်ငံတစ်ခုလုံးအတွက် ထုတ်လုပ်သွားရန်၊
          (၆)  တိုင်းဒေသကြီး ၊ ပြည်နယ်မြို့တော်များနှင့်  အခြားမြို့ကြီးများ၏  မြေမျက်နှာ  သွင်ပြင်ပြ  မြေပုံများအားလည်း
                 1:10,000 Scale ဖြင့် ထုတ်လုပ်သွားရန်၊
          (၇)  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် စီမံကိန်းလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ရန်၊
          (၈)  ခေတ်မီနည်းပညာရပ်များကို မျိုးဆက်သစ်ဝန်ထမ်းများအားလက်ဆင့်ကမ်း သင်ကြားပို့ချလျက်လူ့စွမ်းအားအရင်း
                 အမြစ်​မြှင့်တင်ရေး(Human Resource Development) ဆောင်ရွက်ရန်၊

 

 

Go to top