၃။

Question: 

မြေတိုင်းဦးစီးဌာနသည်  လယ်ယာမြေများတိုင်းတာခြင်းမြေယာပိုင်ဆိုင်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးခြင်း၊  မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေး အတွက်မြေကွက်အသစ်များဖော်ထုတ်ပေးခြင်း စသည်တို့ကိုဆောင်ရွက်ပေးခြင်း ရှိ/မရှိ သိရှိလိုပါသည်။

Answer: 

လယ်ယာမြေများတိုင်းတာခြင်း၊ မှတ်ပုံတင်ခြင်းနှင့် မြေယာပိုင်ဆိုင်မှုလုပ်ငန်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပေးပါသည်။ မြေကွက်အသစ်များ ဖော်ထုတ်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနအောက်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပါသည်။ မြေတိုင်းဦးစီးဌာနသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကွပ်ကဲမှုလက်အောက်တွင်ရှိပါသည်။ မြန်မာတစ်နိုင်ငံလုံးအတွက် မြေမျက်နှာသွင်ပြင်ပြမြေပုံများအား ထုတ်ပေးခြင်းနှင့်မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော နိုင်ငံများနှင့် နယ်နိမိတ်တိုင်းတာခြင်းလုပ်ငန်းများ၊ နိုင်ငံတော်အတွက်လိုအပ်လာပါက စီမံကိန်းလုပ်ငန်းများဖြစ်သည့် အထူးစီးပွားရေးဇုန် (SEZ) များ တိုင်းတာ သတ်မှတ်ပေးခြင်း၊ မော်တော်ကားလမ်း၊ မီးရထားလမ်းများဖောက်လုပ်ရန် လမ်းအူကြောင်းများဖော်ထုတ်ပေးခြင်း၊ ရေနက်ဆိပ်ကမ်းများအတွက် နယ်နိမိတ်များတိုင်းတာ သတ်မှတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပါသည်။

Go to top