( ၉ ) ကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံမြေတိုင်းဌာန အကြီးအကဲများ အစည်းအဝေးကျင်းပခြင်း

(၉) ကြိမ်မြောက် မြန်မာ-အိန္ဒိယနှစ်နိုင်ငံ မြေတိုင်းဌာနအကြီးအကဲများ အစည်းအဝေးကို(၉-၄-၂၀၁၅)   ရက်နေ့မှ( ၁၀- ၄-၂၀၁၅ )ရက်နေ့အထိ ရန်ကုန်မြို့၊ Chatrium Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် ဦးဆောင်၍ ဌာနဆိုင်ရာမှ ကိုယ်စားလှယ်(၁၁)ဦးနှင့် အိန္ဒိယဘက်မှ အိန္ဒိယနိုင်ငံ မြေတိုင်းဌာန၊ ညွှန်ကြားရေးမှူးချုပ် Dr . Swarna Subba Rao ဦးဆောင်၍ ကိုယ်စားလှယ်(၇)ဦးတို့ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် မြန်မာ - အိန္ဒိယ နယ်နိမိတ်မှတ်တိုင်များအား ပြန်လည်စစ်ဆေးခြင်း၊ မွမ်းမံပြင်ဆင် ခြင်း၊ ပြန်လည်စိုက်ထူခြင်း၊ ထပ်တိုးနယ်နိမိတ်မှတ်တိုင်များအသစ်စိုက်ထူခြင်းနှင့် နယ်နိမိတ်ဆိုင်ရာကိစ္စရပ် များအား ဆွေးနွေးခဲ့ကြပါသည်။

Go to top