Differential GPS နှင့် TopNet Live(CORS) အကြောင်း သရုပ်ပြရှင်းလင်းပွဲပြုလုပ်ခြင်း

မြေတိုင်းဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၌ Concordia Co., Ltd. (Myanmar) နှင့် Topcon Singapore Positioning System မှ ကျွမ်းကျင်ပညာရှင်များက Topcon GR-5 Differential GPS နှင့် TopNet Live ( CORS )  မြေတိုင်းကိရိယာများနှင့်ပတ်သက်၍ သရုပ်ပြရှင်းလင်းပွဲအား ( ၉ - ၆ - ၂၀၁၅ ) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြေတိုင်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပြီး၊ Concordia Co., Ltd. မှ ပညာရှင်များက Topcon GR-5 Differential GPS စက်ကိရိယာ များဖြင့် လက်တွေ့တိုင်းတာတွက်ချက်ခြင်းကိုလည်းကောင်း၊ Topcon Singapore Positioning System မှ ပညာရှင်များက TopNet Live (CORS) စနစ်အကြောင်းကိုလည်းကောင်း ရှင်းလင်းပြသခဲ့ပါသည်။

Go to top