မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မြေတိုင်းဌာန အကြီးအကဲများ အစည်းအဝေးကျင်းပခြင်း

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မြေတိုင်းဌာနအကြီးအကဲများ အစည်းအဝေးကို ( ၂၇ - ၇ - ၂၀၁၅ )   ရက်နေ့မှ ( ၂၉ -  ၇ - ၂၀၁၅ ) ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံဘက်မှ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသန်းလှိုင် ဦးဆောင်၍ ကိုယ်စားလှယ်(၇)ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ် မြေတိုင်းဌာန၊ ညွှန်ကြားရေးမှူးချုပ် Brigadier General Md. Abul Khair, ndc, PEngg ဦးဆောင်၍ ကိုယ်စားလှယ်(၁၃)ဦးတို့ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်မှတ်တိုင်များအား ပြန်လည်စစ်ဆေးခြင်း၊ မွမ်းမံပြင်ဆင်ခြင်း၊ ပြန်လည်စိုက်ထူခြင်း၊ ထပ်တိုးနယ်နိမိတ်မှတ်တိုင်များအသစ်စိုက်ထူခြင်းနှင့် နယ်နိမိတ် ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။

Go to top