လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခြင်း

          ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊   မြေတိုင်းဦးစီးဌာန(ရုံးချုပ်)၊  နေပြည်တော်၌   လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲအား ( ၇ - ၉ - ၂၀၁၅ ) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

         ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဇင်မာသွင်မှ အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့် လူကုန်ကူးခံရမှုတားဆီးကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ဥပဒေအရအရေးယူရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ သိကောင်းစရာ များအား ဦးဆောင်ဆွေးနွေးခဲ့ပါသည်။

          ဆွေးနွေးပွဲသို့ ဝန်ကြီးဌာန မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်မေဘယ်စန်း၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဇင်မာသွင်၊ ဝန်ကြီးရုံး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်မြင့်မြင့်အောင်၊ မြေတိုင်းဦးစီးဌာန အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ကြူကြူ နှင့် မြေတိုင်းဦးစီးဌာန မှ အမျိုးသမီးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

Go to top