Geomax အမှတ်တံဆိပ် Robotic Total Station Zoom 80 s သင်တန်း ဖွင့်လှစ်သင်ကြားခြင်း

မြေတိုင်းဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၌ Geomax အမှတ်တံဆိပ် Robotic Total Station Zoom 80 s ကိရိယာနှင့်  ဆက်စပ်သည့်  Software  များ  ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်းအား     ( ၇-၁၂-၂၀၁၅ ) ရက်နေ့မှ  ( ၉-၁၂-၂၀၁၅ ) ရက်နေ့အထိ ( ၃ )ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် စင်္ကာပူသမ္မတနိုင်ငံ၊ Landmark Integrated Pte. Ltd. ၏ ကျွမ်းကျင် ပညာရှင် ဖြစ်သူ Mr. Mark Chiang မှ သင်ကြားပို့ချပေးပြီး၊ မြေတိုင်းဦးစီးဌာနမှ အရာထမ်း စုစုပေါင်း ( ၁၆ )ဦး တက်ရောက်ခဲ့ပါသည်။ 

Go to top