Leica, Aibotix X6 (UAV with Airborne GPS) ကိုင်တွယ်အသုံးပြုမှုသင်တန်းဖွင့်လှစ်ခြင်း

မြေတိုင်းဦးစီးဌာန(ရုံးချုပ်)၊ နေပြည်တော်၌ Leica, Aibotix X6 (UAV with Airborne GPS) ကိုင်တွယ်အသုံးပြုမှုသင်တန်းအား ( ၆ - ၆ - ၂၀၁၆ ) ရက်နေ့ မှ ( ၁၀ - ၆ - ၂၀၁၆ ) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်ခဲ့ပါသည်။
သင်တန်းမစတင်မီ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်အား Leica Geosystems Technologies Pte. Ltd. (Singapore) မှ Segment Manager, Mobile Mapping & Solutions ပညာရှင် Mr. Kenneth Smillie မှ Leica, Aibotix X6 Certificate ကိုပေးအပ်ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် Leica ကုမ္ပဏီမှ Mr. Kenneth Smillie၊ မြေတိုင်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန့်စင်ဦး နှင့် Geocomp Myanmar Limited မှ ပညာရှင် များက Leica, Aibotix X6 ကိုင်တွယ်အသုံးပြုခြင်း နှင့် Photogrammetric Data Processing တို့အား လက်တွေ့သင်ကြားပြသခဲ့ပါသည်။
အဆိုပါသင်တန်းသို့ မြေတိုင်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ( ၁၆ ) ဦး တက်ရောက်ခဲ့ကြပါသည်။

Go to top