ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း

မြေတိုင်းဦးစီးဌာန၊ လေ့ကျင့်သင်ကြားရေးနှင့်အမှတ်(၁)မြေတိုင်းဌာနခွဲ(ပြင်ဦးလွင်မြို့)မှ ဝန်ထမ်းများ၏ သတ္တမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို (၂၂.၇.၂၀၁၆) ရက်နေ့တွင် အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ညွှန်ကြားရေးမှူး၊ ဝန်ထမ်းများနှင့် သင်တန်းသားများမှ ပြင်ဦးလွင်မြို့၊ အောင်မြေဇေယျာစာသင်တိုက်မှ ဆရာတော်ဘဒ္ဒန္တအာစိဏ္ဏအမှူးပြုသော သံဃာတော် (၅)ပါးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အမျှအတန်းပေးဝေခဲ့ပါသည်။
ယင်းနောက် သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

Go to top