အလယ်အလတ်အဆင့်မြေတိုင်းသင်တန်းအမှတ်စဉ်(၆၅) နှင့် အခြေခံမြေတိုင်းသင်တန်းအမှတ်စဉ်(၇၆) တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ အလယ်အလတ်အဆင့်မြေတိုင်းသင်တန်း အမှတ်စဉ်(၆၅) နှင့် အခြေခံမြေတိုင်းသင်တန်း အမှတ်စဉ်(၇၆) တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ပြင်ဦးလွင်မြို့ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ (၈-၆-၂၀၁၇) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကျောင်းအုပ်ကြီး)မှ သင်တန်းဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
ယခုပညာသင်နှစ်တွင် အလယ်အလတ်အဆင့်မြေတိုင်းသင်တန်းအမှတ်စဉ်(၆၅)မှ သင်တန်းသား (၄) ဦး နှင့် အခြေခံမြေတိုင်းသင်တန်းအမှတ်စဉ်(၇၆)မှ သင်တန်းသား (၇၁) ဦး တက်ရောက်ခဲ့ကြပါသည်။
နံနက် (၁၁:၀၀) နာရီတွင် သင်တန်းဖွင့်ပွဲအခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ပါသည်။

Go to top