မြေတိုင်းဦးစီးဌာနနှင့် BELS တို့ပူးပေါင်း၍ ဂြိုဟ်တုအခြေပြု ကမ္ဘာ့တည်နေရာပြစနစ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာနနှင့် BELS ( Building European Links Towards South East Asia in the Field of  GNSS ) တို့ ပူးပေါင်း၍ ဂြိုဟ်တုအခြေပြုကမ္ဘာ့တည်နေရာပြစနစ်၊ အလုပ်ရုံဆွေးနွေးပွဲ ( GNSS – Global Navigation Satellite System Workshop ) ကို (၂၃-၂-၂၀၁၈) ရက်နေ့ နံနက် ( ၀၉ : ၀၀ ) နာရီတွင် နေပြည်တော်ရှိ  Royal Naypyitaw Hotel  တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်တွင်းမှ စာတမ်း (၄) စောင်၊ ပြည်ပပညာရှင်အဖွဲ့မှ စာတမ်း (၁၁) စောင် ဖတ်ကြားကြပြီး  တက်ရောက်သူအင်အား (၈၅) ဦးရှိကြောင်း သိရှိရပါသည်။
အခမ်းအနားအား ညနေ ( ၁၆ : ၅၀) နာရီအချိန်အထိ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

Go to top