CORS (Continuously Operating Reference Station) System အကြောင်း မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခြင်း

     မြေတိုင်းဦးစီးဌာနမှ တည်ဆောက်ထားသည့် CORS (Continuously Operating Reference Station) System အကြောင်း မိတ်ဆက်ခြင်းအခမ်းအနားအား ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက် (တနင်္လာနေ့)၊ နံနက် (၉း၃၀)နာရီတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန(နေပြည်တော်)၌ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
     အဆိုပါအခမ်းအနားတွင် ဦးဟိန်းလင်းဇာ(ဒုတိယညွှန်ကြားရေးမှူး)နှင့် ဦးဝေမိုးဇော်(ဦးစီးအရာရှိ) တို့က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး ဦးစိန်မင်း (ဒုတိယညွှန်ကြားရေးမှူးချုပ်) မှ  Motivation of CORS Establishment ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Dr. Paramesh Banerjee မှ GNSS CORS Network and Time to Convert to Geocentric Coordinate System ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဆန်းဝင်း (Director, Suntac Technologies Co., Ltd.,)မှ Introduction to the CORS Network and How to built it ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဝင်းရွှေ(ညွှန်ကြားရေးမှူး)မှ Overview of GNSS CORS Network and Application ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဖြိုးသော်ဇင်(ဦးစီးအရာရှိ)မှ Establishment of GNSS CORS System ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစိုးမိုးကျော်(ဦးစီးအရာရှိ)မှ Data Management System of CORS Data Center ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဇာနည်အောင် (ဦးစီးအရာရှိ)မှ Field Survey using GNSS CORS Network ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးကိုကိုလွင် (ဦးစီးအရာရှိ)မှ Introduction of Continuously Operating Reference Station of POL5 ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးလင်းအောင် (ဦးစီးအရာရှိ)မှ Introduction of Yangon GNSS CORS Network ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မြေတိုင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်စကား ပြောကြားခဲ့ပါသည်။

     အဆိုပါအခမ်းအနားသို့ မြေတိုင်းဦးစီးဌာန(နေပြည်တော်)မှ (၄၀)ဦး၊ မြေတိုင်းတာခြင်းနှင့်ဆက်စပ် သည့် အစိုးရဌာနများနှင့် Suntac International Trading Co., Ltd., တို့မှ (၂၁)ဦးတို့သည် Physical Distancing ဖြင့် မြေတိုင်းဦးစီးဌာန(နေပြည်တော်) အစည်းအဝေးခန်းမများမှ ပါဝင်တက်ရောက်ခဲ့ပါသည်။ Online ဖြင့် မြေတိုင်းဦးစီးဌာန၊ ရန်ကုန်မြို့မှ (၁၁)ဦး၊ ပြင်ဦးလွင်မြို့မှ (၇)ဦး၊ အစိုးရဌာနများနှင့် ကုမ္ပဏီ များမှ (၃၁)ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စုစုပေါင်း ကိုယ်စားလှယ်(၁၁၀)ဦး တက်ရောက်ခဲ့ပါသည်။ 
    ညနေ (၅:၀၀)နာရီတွင် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

 

Go to top