ပညာရည်ချွန်ဆု ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခြင်း

ပညာရည်ချွန်ဆု ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး(နေပြည်တော်)၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာဖြင့် အောင်မြင်ခဲ့ကြသော ဝန်ထမ်းသား/သမီး၊ ကျောင်းသား/ကျောင်းသူများအား ပညာရည်ချွန်ဆု ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်သည့်အခမ်းအနားကို (၄-၇-၂၀၂၂) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြေတိုင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး(နယ်နိမိတ်) နှင့် ညွှန်ကြားရေးမှူး (ဘူမိ) တို့မှ ပညာရည်ချွန်ဆုရ ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

          အဆိုပါ အခမ်းအနားသို့ မြေတိုင်းဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ ပညာရည်ချွန်ဆုရ ကျောင်းသား/​ကျောင်းသူများနှင့်မိသားစုများ တက်ရောက်ခဲ့ကြပါသည်။

 

Go to top