မြေတိုင်းဦးစီးဌာနမှ အလုပ်လျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြေတိုင်းဦးစီးဌာန
နေပြည်တော်
လျှောက်လွှာခေါ်ယူခြင်း

၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်းရာထူး(၃၁)နေရာအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်။

စဉ်

ခန့်ထားမည့်ရာထူး

လစာနှုန်း(ကျပ်)

ပညာအရည်အချင်း

လစ်လပ်နေရာ

(က)

စာရင်းကိုင်(၄)

၁၈၀၀၀၀-၂၀၀၀ ၁၉၀၀၀၀

ဘွဲ့ရ

(၁၀)ဦး

(ခ)

အငယ်တန်းစာရေး

၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀

ဘွဲ့ရ

(၃)ဦး

(ဂ)

မြေတိုင်း(၅)

၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀

ဘွဲ့ရ

(၁၀)ဦး

(ဃ)

ပုံဆွဲ(၅)

၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀

ဘွဲ့ရ

(၅)ဦး

(င)

ယာဉ်မောင်း(၅)

၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀

အခြေခံပညာအလယ်တန်း

အဆင့်

(၂)ဦး

(စ)

သန့်ရှင်းရေးအကူ

၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀

အခြေခံပညာအလယ်တန်း

အဆင့်

(၁)ဦး

၂။       လျှောက်ထားသူများ

          (က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

          ( ခ)    ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူ ဖြစ်ရမည်။

          ( ဂ)    ရာထူးအမျိုးအစား တစ်မျိုးတည်းကိုသာ ရွေးချယ်လျှောက်ထားရမည်။

          (ဃ)    အမှတ်စဉ်(ဂ) ရာထူးအတွက် အမျိုးသားများသာ လျှောက်ထားနိုင်သည်။

 (င)     ၁၂ -  ၁၂ - ၂၀၂၃ ရက်နေ့တွင် အသက်(၃၀)နှစ် မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကြီးသူဖြစ်ရမည်။ (မြေတိုင်းဦးစီးဌာနမှ                          အမြဲတမ်းဝန်ထမ်းနှင့် နေ့စားဝန်ထမ်းဖြစ်ပါက အသက်ကန့်သတ်ချက်အား လျော့ပေါ့စဉ်းစားပေးမည်။)
( စ)    အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။
(ဆ )   အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှထုတ်ပယ်  ခြင်း (Removal) ခံရသူများ၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာပယ်ဖျက်ခံ               ရသူများ လျှောက်ထားခွင့်မရှိပါ။
(ဇ)     ရွေးချယ်ခြင်းခံရပါက အနည်းဆုံး(၇)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်မည်။

၃။      လျှောက်လွှာပုံစံအား မြေတိုင်းဦးစီးဌာန၏ Website ဖြစ်သော www.surveydepartment.gov.mm/tender/911 တွင် Download ရယူ၍ လျှောက်လွှာတွင် ပါရှိသည့်အချက် အလက်များကို ပြည့်စုံစွာ ဖြည့်စွက်ပြီး အောက်ဖော်ပြပါ အထောက်အထားများနှင့်အတူ ပူးတွဲလျက် မြေတိုင်းဦးစီးဌာန၊ မြို့ပတ်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ ၁၂-၁၂-၂၀၂၃ ရက်နေ့ ရုံးချိန်နောက်ဆုံးထားပေးပို့လျှောက်ထားရမည်-
        (က)    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)မိတ္တူ
        (ခ )    စာရင်းကိုင်(၄)၊  အငယ်တန်းစာရေး၊ မြေတိုင်း(၅) ၊ ပုံဆွဲ(၅) ရာထူးများအတွက် ပညာအရည်အချင်းအောင်လက်မှတ်မိတ္တူ၊ အသက်အထောက်အထားအတွက်                           တက္ကသိုလ်ဝင် အောင်လက်မှတ်မိတ္တူ၊ (လူတွေ့ဖြေဆိုချိန်တွင် မူရင်းတင်ပြရမည်။)
         (ဂ)    ယာဉ်မောင်း(၅)ရာထူးအတွက် ယာဉ်မောင်းလိုင်စင် (ခ)မိတ္တူနှင့် ပညာအရည်အချင်း အထောက်အထားမိတ္တူ(လူတွေ့ဖြေဆိုချိန်တွင် မူရင်းတင်ပြရမည်။)
        (ဃ)    သန့်ရှင်းရေးအကူရာထူးအတွက် ပညာအရည်အချင်းအထောက်အထားမိတ္တူ (လူတွေ့ ဖြေဆိုချိန်တွင် မူရင်းတင်ပြရမည်။)
        (င)    နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက သက်တမ်းရှိ အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ၊ နိုင်ငံ့ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်မူရင်း                      (လူတွေ့ ဖြေဆိုချိန်တွင် မူရင်းတင်ပြရမည်။)
       (စ)   လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ရိုက်ကူးထားသော ပတ်စပို့အရွယ်ကာလာဓာတ်ပုံ(၃)ပုံ။(နောက်ကျောတွင်အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်                   ရေးသားဖော်ပြရမည်။)
       (ဆ)  လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ထုတ်ပေးထားသော အကျင့်စာရိတ္တ ကောင်းမွန်ကြောင်းသက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံ                    ချက်နှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာမြို့နယ်ရဲစခန်း၏ ထောက်ခံချက်မူရင်း၊
        (ဇ)    နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် (၁)လအတွင်း ပြုလုပ်ထားသော ကျန်းမာရေး ကောင်းမွန်ကြောင်း ဆေးထောက်ခံစာ၊

၄။      လျှောက်ထားသူများအား လူတွေ့စစ်ဆေးခြင်းကို (၁၆-၁၂-၂၀၂၃) ရက်နေ့နှင့် (၁၇-၁၂-၂၀၂၃) ရက်နေ့များတွင် မြေတိုင်းဦးစီးဌာန(ရုံးချုပ်) နေပြည်တော်တွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။

၅။      အရည်အချင်းသတ်မှတ်ချက်နှင့်မကိုက်ညီသူများ၊ ပူးတွဲတင်ပြရမည့်စာရွက်စာတမ်း အချက် အလက် မပြည့်စုံသူများနှင့် သတ်မှတ်ရက်ထက် နောက်ကျသော လျှောက်လွှာများ၊ မှားယွင်းဖြည့်သွင်းထားသော လျှောက်လွှာများအား ပယ်ဖျက်မည်ဖြစ်ပါသည်။

၆။      လျှောက်လွှာတွင်ဖော်ပြချက်များနှင့် အထောက်အထားစာရွက်စာတမ်းများသည် မှန်ကန်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပါက ရာထူးခန့်အပ်ပြီး ဖြစ်စေကာမူ ထုတ်ပယ်ခြင်းခံရမည်။

၇။      အသေးစိတ်သိရှိလိုပါက မြေတိုင်းဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇-၃၄၁၃၀၇၂၊ ၀၆၇-၃၄၁၃၀၇၃၊ ၀၆၇-၃၄၁၃၁၂၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။        

 

မြေတိုင်းဦးစီးဌာန၊ နေပြည်တော်

Go to top