နည်းပညာဆိုင်ရာအတွေ့အကြုံများ မျှဝေခြင်းအခမ်းအနား ကျင်းပပြုလုပ်ခြင်း

      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး(နေပြည်တော်)၌ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊  Esri Thailand Company နှင့် MERKATOR Company တို့တွင် ဖွင့်လှစ်ပို့ချသည့် ArcGIS Enterprise Advanced သင်တန်းမှ သင်ယူခဲ့ရသည့်နည်းပညာဆိုင်ရာအတွေ့အကြုံများမျှဝေခြင်း အခမ်းအနားကို ၁၈-၁၂-၂၀၂၃ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
     အခမ်းအနားတွင် မြေတိုင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်း၊ အမှုထမ်းများ၊ One Map Myanmar စီမံကိန်းဆောင်ရွက်နေသည့် ပညာရှင်များမှ Physical နှင့် Virtual စနစ်တို့ဖြင့် တက်ရောက်ခဲ့ကြပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ (၅)ဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ သင်တန်းသူ (၁) ဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊  နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ သင်တန်းသူ (၂) ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၈)ဦးတို့မှ ArcGIS Enterprise Advanced သင်တန်းမှ သင်ယူခဲ့ရသည့် နည်းပညာဆိုင်ရာ အတွေ့အကြုံများ မျှဝေခဲ့ကြပါသည်။

 

 

 

Go to top