မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)စီမံကိန်း အထောက်အကူပြု VxRail Server Infra Management and Optimization ပြုလုပ်ပုံအဆင့်ဆင့်နှင့် အသုံးပြုနည်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း

       ၁၉-၁-၂၀၂၄ ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် Information Access Center သင်တန်းခန်းမ၌ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)စီမံကိန်း အထောက် အကူပြု VxRail Server Infra Management and Optimization ပြုလုပ်ပုံအဆင့်ဆင့်နှင့် အသုံးပြုနည်းသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ မြေတိုင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
       အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများမှ သင်တန်းသား/သူ (၂၀)ဦးအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ကြပါသည်။ သင်တန်းသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သင်တန်းသား (၁)ဦး၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)သတင်းနည်းပညာဌာနမှ သင်တန်းသား(၂)ဦး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သင်တန်းသူ(၃)ဦးနှင့် မြေတိုင်းဦးစီးဌာနမှ သင်တန်းသား/သူ (၁၄)ဦး တို့ တက်ရောက်ခဲ့ကြပါသည်။

Go to top