သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာန၊ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
မြေတိုင်းဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။      မြေတိုင်းဦးစီးဌာနမှ ရေးဆွဲပုံနှိပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော မြန်မာပြည်၏ ပြည်နယ်နှင့် တိုင်းဒေသကြီးမြေပုံစာအုပ် (Atlas)ကို ပိုမိုဖြန့်ဖြူးရောင်းချနိုင်ရန်      အတွက် ပုဂ္ဂလိကကုမ္ပဏီ (၁)ခုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။       သို့ဖြစ်ပါ၍ စိတ်ဝင်စားသူ ပြည်တွင်း ကုမ္ပဏီ၊ လုပ်ငန်းများအနေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၃။      အိတ်ဖွင့်တင်ဒါများအား ( ၁၀-၅-၂၀၂၄ ) ရက်နေ့ (၁၂ : ၀၀) နာရီတွင် နောက်ဆုံးထား၍ လက်ခံမည်ဖြစ်ပြီး(၁၄:၀၀)နာရီတွင် တင်ဒါဖွင့်လှစ်ပါမည်။

၄။      အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင် ရယူနိုင်ပါမည်။

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြေတိုင်းဦးစီးဌာန၊ 
မြို့ပတ်လမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်
ဖုန်း - ၀၆၇-၃၄၁၃၄၃၃၊  ၀၆၇-၃၄၁၃၀၇၃

 

Go to top