၂။

Question: 

မြေတိုင်းဦးစီးဌာနတွင် ဖွဲ့စည်းထားရှိသည့် ဌာနခွဲများနှင့် တည်ရှိသည့်နေရာဒေသများကို သိရှိလိုပါသည်။

Answer: 

မြေတိုင်းဦးစီးဌာနတွင် (၁) ညွှန်ကြားရေးမှူးချုပ်ရုံး၊ (၂) နယ်နိမိတ်တိုင်းတာရေးနှင့်မြို့ပြ ဆောက်လုပ်ရေးမြေတိုင်းဌာနခွဲ၊ (၃) ဘူမိပမာဏနှင့်အမှတ်(၂) မြေတိုင်းဌာနခွဲ၊ (၄)ကောင်းကင်မြေတိုင်းနှင့်ဓာတ်ပုံဌာနခွဲ၊ (၅) မြေပုံထုတ်လုပ်ရေးဌာနခွဲ၊ (၆) လေ့ကျင့် သင်ကြားရေးနှင့်အမှတ်(၁)မြေတိုင်းဌာနခွဲဟူ၍ ဌာနခွဲ(၆)ခုရှိပါသည်။ ဌာနခွဲတစ်ခုတွင် ညွှန်ကြားရေးမှူးတစ်ဦးဖြင့် ဌာနခွဲ(၆)ခုအတွက် ညွှန်ကြားရေးမှူး(၆)ဦး ရှိပါသည်။ ဌာနခွဲ ညွှန်ကြားရေးမှူးများသည် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့၏ ဦးဆောင်လမ်းညွှန်မှုကိုခံယူလျက် သက်ဆိုင်ရာဌာနခွဲအလိုက် စီမံခန့်ခွဲအုပ်ချုပ်မှုလုပ်ငန်း များကို ဆောင်ရွက်ကြရပါသည်။ ညွှန်ကြားရေးမှူးချုပ်ရုံး၊ နယ်နိမိတ်တိုင်းတာရေးနှင့် မြို့ပြဆောက်လုပ်ရေးမြေတိုင်းဌာနခွဲနှင့် ဘူမိပမာဏနှင့်အမှတ်(၂)မြေတိုင်း ဌာနခွဲတို့သည် နေပြည်တော်တွင် တည်ရှိပါသည်။ ကောင်းကင်မြေတိုင်းနှင့်ဓာတ်ပုံဌာနခွဲ၊ မြေပုံထုတ်လုပ်ရေးဌာနခွဲများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင် တည်ရှိပါသည်။ လေ့ကျင့် သင်ကြားရေးနှင့်အမှတ်(၁)မြေတိုင်းဌာနခွဲသည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ တွင် တည်ရှိပါသည်။။

Go to top