FAQ(Frequent Asked Questions)

1
Question

မြေတိုင်းဦးစီးဌာနအား မည်သည့်အချိန်မှစတင်၍ တည်ထောင်ခဲ့သည်ကို သိရှိလိုပါသည်။

Answer

မြေတိုင်းဦးစီးဌာနအား ၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့မှစ၍ မြန်မာနိုင်ငံမြေတိုင်းဌာန (Burma Survey Department) အမည်ဖြင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ လက်အောက်၌ စတင်တည်ထောင်ဖွဲ့စည်းခဲ့ပါသည်။...

2
Question

မြေတိုင်းဦးစီးဌာနတွင် ဖွဲ့စည်းထားရှိသည့် ဌာနခွဲများနှင့် တည်ရှိသည့်နေရာဒေသများကို သိရှိလိုပါသည်။

Answer

မြေတိုင်းဦးစီးဌာနတွင် (၁) ညွှန်ကြားရေးမှူးချုပ်ရုံး၊ (၂) နယ်နိမိတ်တိုင်းတာရေးနှင့်မြို့ပြ ဆောက်လုပ်ရေးမြေတိုင်းဌာနခွဲ၊ (၃) ဘူမိပမာဏနှင့်အမှတ်(၂) မြေတိုင်းဌာနခွဲ၊ (၄)ကောင်းကင်မြေတိုင်းနှင့်...

3
Question

မြေတိုင်းဦးစီးဌာနသည်  လယ်ယာမြေများတိုင်းတာခြင်းမြေယာပိုင်ဆိုင်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးခြင်း၊  မြို့ရွာနှင့်
အိုးအိမ်ဖွံ့ဖြိုးရေး အတွက်မြေကွက်အသစ်များဖော်ထုတ်ပေးခြင်း စသည်တို့ကိုဆ...

Answer

လယ်ယာမြေများတိုင်းတာခြင်း၊ မှတ်ပုံတင်ခြင်းနှင့် မြေယာပိုင်ဆိုင်မှုလုပ်ငန်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ...

4
Question

မြေတိုင်းဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်များကို သိရှိလိုပါသည်။

Answer

မြေတိုင်းဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်များမှာ (၁) တစ်နိုင်ငံလုံး၏ မြေမျက်နှာသွင်ပြင်ပြမြေပုံ(Topographical Map) များထုတ်လုပ်ခြင်း၊ (၂) နယ်နိမိတ် တိုင်းတာခြင်းလုပ်ငန်းနှင့် (၃) မြေတိုင်းပညာရပ်များ သင်ကြားပို့ချခြင်းတို့ဖ...

5
Question

UTM ၏ အဓိပ္ပါယ်ကို သိရှိလိုပါသည်။

Answer

UTM ဆိုသည်မှာ Universal Transverse Mercator ဖြစ်ပါသည်။ မြေပုံအရိပ်ချစနစ် များစွာရှိသည့်အနက် ဆလင်ဒါပုံသဏ္ဍန်အရိပ်ချ မြေပုံရေးဆွဲခြင်း စနစ်ဖြစ်ပါသည်။ ကမ္ဘာသုံးမြေပုံအရိပ်ချစနစ်ဟုလည်းခေါ်ပါသည်။

6
Question

လက်ရှိ UTM မြေပုံများသည် မည်သည်ကို အခြေခံ၍ ရေးဆွဲထားပါသလဲ။ (ဥပမာ၊ ကောင်းကင်ဓာတ်ပုံ၊ ဂြိုလ်တုဓာတ်ပုံ)

Answer

လက်ရှိ UTM မြေပုံများသည် ကောင်းကင်ဓာတ်ပုံများအား အခြေခံ၍ ရေးဆွဲထားပါသည်။

7
Question

ကောင်းကင်ဓာတ်ပုံများကို မည်ကဲ့သို့ရရှိပါသလဲ။

Answer

ကောင်းကင်ဓာတ်ပုံများအား မြေတိုင်းဦးစီးဌာနမှ လေယာဉ်ပျံဖြင့် ရိုက်ကူးထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

8
Question

ကောင်းကင်ဓာတ်ပုံများရိုက်ကူးရန်အတွက် မည်သည့်ကိရိယာများလိုအပ်ပါသလဲ။

Answer

ကောင်းကင်ဓာတ်ပုံများရိုက်ကူးရန်အတွက် ကောင်းကင်ဓာတ်ပုံရိုက်ကူးသည့် လေယာဉ်ပျံ၊ ကောင်းကင်ဓာတ်ပုံ ရိုက်ကူးသည့် ကင်မရာများလိုအပ်ပါသည်။

9
Question

မြေတိုင်းဦးစီးဌာနမှ ရိုက်ကူးထုတ်လုပ်သည့် ကောင်းကင်ဓာတ်ပုံများအား အခြားသော ဦးစီးဌာနများမှ ဝယ်ယူရရှိ နိုင်ပါသလား။

Answer

ဝယ်ယူရရှိနိုင်ပါသည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ရောင်းချပေးပါသည်။

10
Question

UTM မြေပုံများထုတ်လုပ်ထားသည့် စကေးများကို သိရှိလိုပါသည်။

Answer

မြေတိုင်းဦးစီးဌာနမှ UTM မြေပုံများအား စကေး(၃)မျိုးဖြင့် ထုတ်လုပ်ထားပါသည်။
(က) ၁:၅၀၀၀၀၊ (ခ) ၁:၁၀၀၀၀၀၊ (ဂ) ၁:၂၅၀၀၀၀ တို့ဖြစ်ပါသည်။

Pages

Go to top